(၂၂)ႏွစ္အရြယ္ Genella Carabbacan ဆိုတဲ့ အမ်ိဳးသမီးတစ္ဦးဟာ မွဲ႔ေျခာက္ေပ်ာက္ေစတယ္ဆိုတဲ့ အမည္းေရာင္ Face mask တစ္မ်ိဳးကို အသံုးျပဳခဲ့ပါတယ္။ ဒါေပမယ့္ သူမဟာ အေရးႀကီးတဲ့အခ်က္တစ္ခုကို ေမ့သြားခဲ့ပါတယ္။ ဆံပင္နဲ႔ မ်က္ခံုးတို႔ေပၚမွာ မအုပ္ရဆိုတဲ့ မ်က္ႏွာဖံုးအသံုးျပဳနည္းကို မဖတ္လိုက္ဘဲ Genella ဟာ မ်က္ႏွာဖံုးကို သူမမ်က္ႏွာမွာ အုပ္ခဲ့ပါတယ္။
အမည္းေရာင္ Face mask ကို ခြာမရျဖစ္ေနခဲ့တဲ့ Genella ရဲ႕ အျဖစ္ဟာ ဖိလစ္ပိုင္က သူမရဲ႕ ေနအိမ္မွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္္။ သူမရဲ႕ သူငယ္ခ်င္းဟာ ၎ Face mask က မ်က္ႏွာေပၚက အမည္းစက္ေတြကို ေပ်ာက္ေစတယ္ဆိုကာ လက္ေဆာင္ေပးခဲ့တာျဖစ္ျပီး သူမကလည္း အမည္းစက္ေပ်ာက္ခ်င္လြန္းတဲ့စိတ္နဲ႔ ဝမ္းသာအားရ အသံုးျပဳနည္းကိုေတာင္ မဖတ္ဘဲ အသံုးျပဳခဲ့ပါတယ္။
မ်က္ႏွာေပၚမွာ (၁၅)မိနစ္ထားျပီးေနာက္မွာေတာ့ ခြာဖို႔လုပ္ခဲ့ရာ မ်က္ႏွာဖံုးက သူမရဲ႕ ဆံပင္နဲ႔ မ်က္ခံုးေမႊးတို႔မွာ ကပ္ေနခဲ့ပါျပီ။ မ်က္ႏွာဖံုးခြာမရလို႔ ငိုေနျပီး ဆက္ႀကိဳးစားေနရွာတဲ့ Genella ရဲ႕ အျဖစ္ကို ေမာင္ျဖစ္သူက ရယ္ခ်င္စိတ္ကို ထိန္းျပီး ဗီဒီယုိ႐ိုက္ခဲ့ပါတယ္။
မ်က္ႏွာဖံုးကို ခြာဖို႔ (၃)မိနစ္ခန္႔ၾကာခဲ့ျပီး မ်က္ခံုးေမႊးအေတာ္မ်ားမ်ားက ပါသြားခဲ့တဲ့အတြက္ တစ္ညီတည္းျပန္ေပါက္ေစဖို႔ က်န္ခဲ့တဲ့ မ်က္ခံုးေတြကိုလည္း ရိတ္လိုက္ရပါေတာ့တယ္။ ေမာင္ျဖစ္သူ႐ိုက္ေပးခဲ့တဲ့ ဗီဒီယုိကလည္း အြန္လိုင္းမွာ ပ်ံ႔သြားခဲ့ျပီး အလွအပဆိုင္ရာ ေဆးခန္းေတြကလည္း သူမရဲ႕ မ်က္ခံုးကို ျပန္ကုသေပးဖို႔ ကမ္းလွမ္းခဲ့ၾကပါတယ္။
“ရယ္စရာလည္းေကာင္းသလို စိတ္လွဳပ္ရွားစရာလည္းေကာင္းခဲ့ပါတယ္။ အသံုးျပဳနည္းကို မဖတ္ခဲ့မိတာ ကၽြန္မရဲ႕အမွားပါ။ ရလိုက္တဲ့ သင္ခန္းစာကေတာ့ ဘယ္အလွကုန္ပစၥည္းကိုမဆို အသံုးမျပဳခင္မွာ အသံုးျပဳနည္းကို ဖတ္ရေတာ့မယ္ဆိုတာပဲျဖစ္တယ္” လို႔ Genella က ေျပာခဲ့ပါတယ္။
SHARE FROM White (Shwemom)
Face Mask တစ်ခုကြောင့် မျက်ခုံးမွေးတွေမရှိတော့တဲ့ ဖိလစ်ပိုင်မလေးရဲ့အဖြစ်
(၂၂)နှစ်အရွယ် Genella Carabbacan ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ မှဲ့ခြောက်ပျောက်စေတယ်ဆိုတဲ့ အမည်းရောင် Face mask တစ်မျိုးကို အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ အရေးကြီးတဲ့အချက်တစ်ခုကို မေ့သွားခဲ့ပါတယ်။ ဆံပင်နဲ့ မျက်ခုံးတို့ပေါ်မှာ မအုပ်ရဆိုတဲ့ မျက်နှာဖုံးအသုံးပြုနည်းကို မဖတ်လိုက်ဘဲ Genella ဟာ မျက်နှာဖုံးကို သူမမျက်နှာမှာ အုပ်ခဲ့ပါတယ်။
အမည်းရောင် Face mask ကို ခွာမရဖြစ်နေခဲ့တဲ့ Genella ရဲ့ အဖြစ်ဟာ ဖိလစ်ပိုင်က သူမရဲ့ နေအိမ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ််။ သူမရဲ့ သူငယ်ချင်းဟာ ၎င်း Face mask က မျက်နှာပေါ်က အမည်းစက်တွေကို ပျောက်စေတယ်ဆိုကာ လက်ဆောင်ပေးခဲ့တာဖြစ်ပြီး သူမကလည်း အမည်းစက်ပျောက်ချင်လွန်းတဲ့စိတ်နဲ့ ဝမ်းသာအားရ အသုံးပြုနည်းကိုတောင် မဖတ်ဘဲ အသုံးပြုခဲ့ပါတယ်။
မျက်နှာပေါ်မှာ (၁၅)မိနစ်ထားပြီးနောက်မှာတော့ ခွာဖို့လုပ်ခဲ့ရာ မျက်နှာဖုံးက သူမရဲ့ ဆံပင်နဲ့ မျက်ခုံးမွှေးတို့မှာ ကပ်နေခဲ့ပါပြီ။ မျက်နှာဖုံးခွာမရလို့ ငိုနေပြီး ဆက်ကြိုးစားနေရှာတဲ့ Genella ရဲ့ အဖြစ်ကို မောင်ဖြစ်သူက ရယ်ချင်စိတ်ကို ထိန်းပြီး ဗီဒီယိုရိုက်ခဲ့ပါတယ်။
မျက်နှာဖုံးကို ခွာဖို့ (၃)မိနစ်ခန့်ကြာခဲ့ပြီး မျက်ခုံးမွှေးအတော်များများက ပါသွားခဲ့တဲ့အတွက် တစ်ညီတည်းပြန်ပေါက်စေဖို့ ကျန်ခဲ့တဲ့ မျက်ခုံးတွေကိုလည်း ရိတ်လိုက်ရပါတော့တယ်။ မောင်ဖြစ်သူရိုက်ပေးခဲ့တဲ့ ဗီဒီယိုကလည်း အွန်လိုင်းမှာ ပျံ့သွားခဲ့ပြီး အလှအပဆိုင်ရာ ဆေးခန်းတွေကလည်း သူမရဲ့ မျက်ခုံးကို ပြန်ကုသပေးဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။
“ရယ်စရာလည်းကောင်းသလို စိတ်လှုပ်ရှားစရာလည်းကောင်းခဲ့ပါတယ်။ အသုံးပြုနည်းကို မဖတ်ခဲ့မိတာ ကျွန်မရဲ့အမှားပါ။ ရလိုက်တဲ့ သင်ခန်းစာကတော့ ဘယ်အလှကုန်ပစ္စည်းကိုမဆို အသုံးမပြုခင်မှာ အသုံးပြုနည်းကို ဖတ်ရတော့မယ်ဆိုတာပဲဖြစ်တယ်” လို့ Genella က ပြောခဲ့ပါတယ်။
SHARE FROM White (Shwemom)
Face Mask တစ္ခုေၾကာင့္ မ်က္ခံုးေမြးေတြမရိွေတာ့တဲ့ ဖိလစ္ပိုင္မေလးရဲ႕အျဖစ္
Reviewed by Unknown
on
February 14, 2018
Rating:
No comments:
Post a Comment