အချုပ်ထဲ က ၁၈ နှစ်အရွယ်ကောင်မလေးကို မုဒိန်းကျင့်လို့ NYPD ရဲစခန်းတစ်ခုလုံး အဖမ်းခံရ
အချုပ်ကျနေတဲ့အချိန်မှာ အသက် ၁၈ နှစ် အရွယ် ကောင်မလေးကို ရဲစခန်းက တာ၀န်ရှိ ရဲ၀န်ထမ်းတွေ ပူးပေါင်းပြီး မုဒိန်းကျင့်ခဲ့တဲ့အတွက် ရဲစခန်းတစ်ခုလုံးကို ၀င်ရောက ်စီးနင်းပြီး ဖမ်းဆီးလိုက်ရတဲ့ မှုခင်း တစ်ခု ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ဖြစ်ပွားခဲ့ပါတယ်။
အန်နာ( အမည်လွှဲထား) အမည်ရှိတဲ့ အသက် ၁၈ နှစ်အရွယ် ကောင်မလေး နဲ့ သူမအဖော ်တို့ကို ဗင်ကားတစ်ခု ရဲ့ အနောက်ထဲမှာ မသင်္ကာဖွယ်ရာတွေ့ရှိရတဲ့အတွက် ရဲစခန်းကို အမှုစစ်ဆေးရအောင် ခေါ်ဆောင်ခဲ့ပြီးနောက် သိပ်မကြာခင် ရက်များအတွင်းမှာ အခု လို ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်ပြီးပြီးချင်း အန်နာ နဲ့ သူမရဲ့ မိခင်တို့ဟာ ဆေးရုံကို သွားရောက်ပြီး DNA စစ်ဆေးခြင်း နဲ့ အတူတူ သူမရဲ့ အဖြစ်ကို သတင်းပို့ခဲ့ပါတယ်။ သုတ်ပိုး ဒီအင်အေ စစ်ဆေးမှုအရ ရဲစခန်းအရာရှိတွေက ၂ ယောက် ကို သံသယတရားခံအဖြစ် ဖမ်းဆီးခဲ့ပြီး တခြား ၀န်ထမ်းအများအပြားကိုလည်း ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
အန်နာ ဟာ သူမရဲ့ ဆေးစစ်ချက်မှတ်တမ်ေးတွကို ရှေ့နေတွေနဲ့ တခြား တာ၀န်ရှိသူတွေကိုလည်း ပေးအပ်ခဲ့ပြီး လူမှုကွန်ယက်ကနေ တဆင့် တစ်ကမ္ဘာလုံး သိသွားအောင် ပြုလုပ်မယ် လို့လည်း စိတ်ကူးထားခဲ့ပါတယ်။ သူကို စော်ကားသွားတဲ့အထဲမှာ NYPD အရာရှိ ၉ ယောက် ပါ၀င်တယ် လို့ ဆိုခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဘက် က ပြန်လည် ဖြေရှင်းချက် ထုတ်ပြန်ရာမှာ အဲဒီ ၀န်ထမ်း ၉ ဦးဟာ NYPD ရဲ့ ၀န်ထမ်းတွေ ဟုတ်၊ မဟုတ် သံသယ ဖြစ်စရာတွေ အများကြီး တွေ့နေရတယ် ထောက်ပြခဲ့ပြီး အန်နာ ဟာ Porn Convention ကို သွားရောက်လေ့ရှိပြီး Sexual Activity တွေ များစွာ ပြုလုပ်လေ့ရှိတဲ့ အထောက်အထားတွေ ရထားကြောင်း ပြန်လည် စွပ်စွဲပြောကြားခဲ့ပါတယ်။
NYPD လို့ ကောင်းသတင်း နဲ့ ကျော်ကြားနေတဲ့ နယူးယောက်ရဲတပ်ဖွဲ့မှာ အခု လို မျိုး ရှိတာကို လက်မခံနိုင်ဘူး လို့ နယူးယောက်ရဲတပ်ဖွဲ့ အကြီးအကဲ ဖြစ်သူက ဆိုခဲ့ပါတယ်။
SHARE FROM ပြောချင်လွန်းလို့
Reviewed by Unknown
on
February 14, 2018
Rating:
No comments:
Post a Comment