တစ္ခ်ိန္က အဂၤလန္ေဘာလုံးအသင္းရဲ႕ နာမည္ႀကီး ကပ္ပတိန္ေဟာင္း ေဒးဗစ္ဘက္ခမ္းဟာ ေဘာလုံးသမားျဖစ္ခဲ့ေပမယ့္လည္း အခ်စ္ေရးဘက္မွာေတာ့ မလစ္ဟင္းရေအာင္ အရမ္းၾကင္နာတတ္တဲ့ ပုရိသတစ္ဦးဆိုတာ သိသာလြန္းပါတယ္။
သူဟာ အႏုပညာရွင္တစ္ဦးမဟုတ္ေပမယ့္လည္း သူ႕ရဲ႕ ခ်စ္ဇနီး ဗစ္တိုးရီးယားဘက္ခမ္းကေတာ့ နာမည္ႀကီးဒီဇိုင္နာ ၊ Spice Girl မိန္းကေလးဂီတအဖြဲ႕ဝင္ေဟာင္း အဆိုေတာ္တစ္ဦးျဖစ္ပါတယ္။
ဒီေန႕က်ေရာက္တဲ့ နိုင္ငံတကာ ခ်စ္သူမ်ားေန႕မွာ သားသမီး(၄)ဦးရဲ႕ ဖခင္ ဘက္ခမ္းတစ္ေယာက္ သူမ်ားေတြနည္းတူ သူ႕ရဲ႕ ဇနီးအေပၚ ဘယ္လိုေတြ အလိုက္သိၿပီး ရိုမက္တစ္ဆန္ခဲ့လဲဆိုတာ ပရိသတ္ေတြသိခ်င္ေနေလာက္မွာပါ။
အင္စတာဂရမ္အေကာင့္မွာ ဇနီးျဖစ္သူဗစ္တိုးရီးယား ထံ အခ်စ္စာလႊာပါးၿပီး ေတာ္ကီလန္းလန္းေတြနဲ႕ ခ်ဳပ္လိုက္ပုံကေတာ့ ပရိသတ္ေတြကို အားက်မွင္သက္မိေစခဲ့ပါတယ္။
ေပ်ာ္႐ႊင္ဖြယ္ဗယ္လက္တိုင္း ျဖစ္ပါေစ ။ ဒီေန႕ဟာ ကမၻာတစ္ဝွမ္းမွာ အခ်စ္ေတြနဲ႕ ေပ်ာ္႐ႊင္ၾကည္ႏူးမႈေတြ လႊမ္းၿခဳံထားတဲ့ ေန႕ေလးတစ္ေန႕ပါပဲ” ဆိုၿပီးေရးသားကာ ဇနီးနဲ႕ သားရဲ႕ အေကာင့္နာမည္ကို Tag တြဲၿပီးေရးသားလိုက္တာပါ။ ခ်စ္ဇနီးကေတာ့ ဘယ္ေလာက္ေတာင္ ပိုခ်စ္လိုက္မလဲဆိုတာ ျမင္တာနဲ႕သိပါတယ္။
အသက္(၄၀)ေက်ာ္ၿပီျဖစ္တဲ့ ဘက္ခမ္းဟာ ဇနီးျဖစ္သူအေပၚ ခ်စ္သက္တမ္းတစ္ေလွ်ာက္ သစၥာရွိရွိခ်စ္ခဲ့ၿပီး သားသမီးေတြအေပၚမွာလည္း ဖခင္ေကာင္းပီသသူတစ္ဦးအျဖစ္ ဂုဏ္သတင္းထြက္တဲ့ ဆယ္လီတစ္ဦးျဖစ္ပါတယ္။
သူတို႔ရဲ႕ ႏွစ္ပတ္လည္ကိုလည္း မေမ့မေလ်ာ့နဲ႕ အျပန္အလွန္ ေတာ္ကီေလးေတြခ်ဳပ္တာမို႔ တကယ့္ကို ေဟာလိ၀ုဒ္ရဲ႕ လိုက္ဖက္အညီဆုံး စုံတြဲတစ္တြဲပါပဲ။
လက္တေလာမွာေတာ့ ဘက္ခမ္းဟာ မိုင္ယာမီၿမိဳ႕မွာ သူကိုယ္ပိုင္ ေဘာလုံးအသင္းတစ္သင္း တည္ေထာင္ၿပီး ဦးစီးလုပ္ကိုင္ေနတာပါ။
ပရိသတ္ႀကီးလည္း ဘက္ခမ္းတို႔ဇနီးေမာင္ႏွံကို အားက်မိတယ္ဟုတ္။
SHARE FROM MYANMARLOAD
Valentine Day မှာ ဇနီးသည်ကို တော်ကီနဲ့ ချုပ်လိုက်တဲ့ ဘက်ခမ်း
တစ်ချိန်က အင်္ဂလန်ဘောလုံးအသင်းရဲ့ နာမည်ကြီး ကပ်ပတိန်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ဘောလုံးသမားဖြစ်ခဲ့ပေမယ့်လည်း အချစ်ရေးဘက်မှာတော့ မလစ်ဟင်းရအောင် အရမ်းကြင်နာတတ်တဲ့ ပုရိသတစ်ဦးဆိုတာ သိသာလွန်းပါတယ်။
သူဟာ အနုပညာရှင်တစ်ဦးမဟုတ်ပေမယ့်လည်း သူ့ရဲ့ ချစ်ဇနီး ဗစ်တိုးရီးယားဘက်ခမ်းကတော့ နာမည်ကြီးဒီဇိုင်နာ ၊ Spice Girl မိန်းကလေးဂီတအဖွဲ့ဝင်ဟောင်း အဆိုတော်တစ်ဦးဖြစ်ပါတယ်။
ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ ချစ်သူများနေ့မှာ သားသမီး(၄)ဦးရဲ့ ဖခင် ဘက်ခမ်းတစ်ယောက် သူများတွေနည်းတူ သူ့ရဲ့ ဇနီးအပေါ် ဘယ်လိုတွေ အလိုက်သိပြီး ရိုမက်တစ်ဆန်ခဲ့လဲဆိုတာ ပရိသတ်တွေသိချင်နေလောက်မှာပါ။
အင်စတာဂရမ်အကောင့်မှာ ဇနီးဖြစ်သူဗစ်တိုးရီးယား ထံ အချစ်စာလွှာပါးပြီး တော်ကီလန်းလန်းတွေနဲ့ ချုပ်လိုက်ပုံကတော့ ပရိသတ်တွေကို အားကျမှင်သက်မိစေခဲ့ပါတယ်။
“ပျော်ရွှင်ဖွယ်ဗယ်လက်တိုင်း ဖြစ်ပါစေ ။ ဒီနေ့ဟာ ကမ်ဘာတစ်ဝှမ်းမှာ အချစ်တွေနဲ့ ပျော်ရွှင်ကြည်နူးမှုတွေ လွှမ်းခြုံထားတဲ့ နေ့လေးတစ်နေ့ပါပဲ” ဆိုပြီးရေးသားကာ ဇနီးနဲ့ သားရဲ့ အကောင့်နာမည်ကို Tag တွဲပြီးရေးသားလိုက်တာပါ။ ချစ်ဇနီးကတော့ ဘယ်လောက်တောင် ပိုချစ်လိုက်မလဲဆိုတာ မြင်တာနဲ့သိပါတယ်။
အသက်(၄၀)ကျော်ပြီဖြစ်တဲ့ ဘက်ခမ်းဟာ ဇနီးဖြစ်သူအပေါ် ချစ်သက်တမ်းတစ်လျှောက် သစ္စာရှိရှိချစ်ခဲ့ပြီး သားသမီးတွေအပေါ်မှာလည်း ဖခင်ကောင်းပီသသူတစ်ဦးအဖြစ် ဂုဏ်သတင်းထွက်တဲ့ ဆယ်လီတစ်ဦးဖြစ်ပါတယ်။
သူတို့ရဲ့ နှစ်ပတ်လည်ကိုလည်း မမေ့မလျော့နဲ့ အပြန်အလှန် တော်ကီလေးတွေချုပ်တာမို့ တကယ့်ကို ဟောလိ၀ုဒ်ရဲ့ လိုက်ဖက်အညီဆုံး စုံတွဲတစ်တွဲပါပဲ။
လက်တလောမှာတော့ ဘက်ခမ်းဟာ မိုင်ယာမီမြို့မှာ သူကိုယ်ပိုင် ဘောလုံးအသင်းတစ်သင်း တည်ထောင်ပြီး ဦးစီးလုပ်ကိုင်နေတာပါ။
ပရိသတ်ကြီးလည်း ဘက်ခမ်းတို့ဇနီးမောင်နှံကို အားကျမိတယ်ဟုတ်။
SHARE FROM MYANMARLOAD
Valentine Day မွာ ဇနီးသည္ကို ေတာ္ကီနဲ႕ ခ်ဳပ္လိုက္တဲ့ ဘက္ခမ္း
Reviewed by Unknown
on
February 14, 2018
Rating:
No comments:
Post a Comment