အမ်ိဳးသမီးမ်ားသည္ အမ်ိဳးသားမ်ားထက္ ပုိ၍ေလျဖတ္ႏုိင္သည့္ အႏၲရာယ္ျမင့္မားေၾကာင္း ယခုသီတင္းပတ္ ထုတ္ျပန္သည့္ ေလ့လာမႈတစ္ရပ္ကေဖာ္ျပသည္။
အေမရိကန္တြင္ ေလျဖတ္ျခင္းေၾကာင့္ တစ္ႏွစ္လွ်င္ လူ ၁၄၀,၀၀၀ ဦး ေသဆုံးေနၿပီး လူေသဆုံးမႈ ၂၀ တြင္ တစ္ခုမွာ ေလျဖတ္ျခင္းေၾကာင့္ ျဖစ္ေနသည္။
ေလျဖတ္ႏုိင္သည့္ အေၾကာင္းရင္းမ်ားစြာရွိၿပီး အသက္အရြယ္ကုိလုိက္၍ ေလျဖတ္ႏုိင္သည့္အႏၲရာယ္ ျမင့္မားလာၿပီး ေသြးတိုးႏွင့္ ႏွလုံးေရာဂါရွိျခင္း၊ ဆီးခ်ိဳေရာဂါရွိျခင္းေၾကာင့္လည္း ေလ ျဖတ္ႏုိင္သည္။
ထုိ႔ျပင္ ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္း၊ မူးယစ္ ေဆးသုံးျခင္း၊ အ၀လြန္ျခင္း၊ က်န္းမာေရးႏွင့္မညီေသာ အစားအ ေသာက္မ်ားစားျခင္း၊ ကုိယ္လက္လႈပ္ရွားမႈမရွိျခင္းတို႔ကဲ့သုိ႔ ေနထုိင္မႈပုံစံတခ်ိဳ႕ေၾကာင့္လည္း ေလျဖတ္ႏုိင္သည္။
အမ်ိဳးသမီးမ်ားသည္ အမ်ိဳးသားမ်ားထက္ ပုိ၍ေလျဖတ္ႏုိင္ သည့္အႏၲရာယ္ျမင့္မားၿပီး ယင္းအေျခအေနေၾကာင့္ေသဆုံးႏုိင္ေျခ လည္း ျမင့္မားသည္။ အေမရိကန္တြင္ ေလ့လာမႈမ်ားအရ တစ္ႏွစ္ လွ်င္ အမ်ိဳးသား ၅၅,၀၀၀ ဦး ေလျဖတ္ျခင္းႏွင့္ႀကံဳရခ်ိန္တြင္ အမ်ိဳး သမီး ၄၂၅,၀၀၀ ဦးအထိ ေလျဖတ္သည့္ဒဏ္ ခံစားေနရေၾကာင္း သိရသည္။
ယင္းကဲ့သုိ႔ျဖစ္ရသည့္ အေၾကာင္းရင္းအျပည့္အ၀ကုိ မသိရ ေသာ္လည္း ေဘာ့စတြန္ၿမိဳ႕ရွိ အမ်ိဳးသမီးေဆး႐ုံမွ သုေတသီမ်ား၏ ေလ့လာမႈအရ အသက္ႀကီးလာသည္ႏွင့္အမွ် အမ်ိဳးသမီးမ်ား ေလ ျဖတ္ႏုိင္သည့္အႏၲရာယ္ ျမင့္မားလာေၾကာင္း သိရသည္။
အသက္(၁၀)ႏွစ္မတိုင္မီ ဓမၼတာလာျခင္း၊ အသက္(၄၅)ႏွစ္ မတိုင္မီ ေသြးဆုံးျခင္း၊ ဖိုဟုိမုန္းေဆးမ်ား ေသာက္သုံးျခင္း၊ ကုိယ္၀န္ ေဆာင္မႈဆုိင္ရာ ႐ႈပ္ေထြးမႈမ်ားျဖစ္ဖူးျခင္း၊ ဆီးခ်ိဳေရာဂါရွိျခင္း၊ ကုိယ္၀န္ေဆာင္စဥ္အတြင္း ေသြးတိုးျခင္း စေသာ အေျခအေနမ်ား ႀကံဳရသည့္ အမ်ိဳးသမီးမ်ား ေလျဖတ္ႏုိင္သည့္အႏၲရာယ္ ျမင့္မားေၾကာင္း သုေတသီမ်ားကေျပာသည္။ ယင္းအမ်ိဳးသမီးမ်ားကုိ ဂ႐ုတစုိက္ ေစာင့္ၾကည့္ၿပီး က်န္းမာေရးႏွင့္အညီ ေနထုိင္္စားေသာက္ သင့္ေၾကာင္း သုေတသီမ်ားက အႀကံျပဳသည္။
—Ref: MNT
အမျိုးသမီးများက အမျိုးသားများထက် လေဖြတ်နိုင်ခြေပိုများ
အမျိုးသမီးများသည် အမျိုးသားများထက် ပို၍လေဖြတ်နိုင်သည့် အန္တရာယ်မြင့်မားကြောင်း ယခုသီတင်းပတ် ထုတ်ပြန်သည့် လေ့လာမှုတစ်ရပ်ကဖော်ပြသည်။
အမေရိကန်တွင် လေဖြတ်ခြင်းကြောင့် တစ်နှစ်လျှင် လူ ၁၄၀,၀၀၀ ဦး သေဆုံးနေပြီး လူသေဆုံးမှု ၂၀ တွင် တစ်ခုမှာ လေဖြတ်ခြင်းကြောင့် ဖြစ်နေသည်။
လေဖြတ်နိုင်သည့် အကြောင်းရင်းများစွာရှိပြီး အသက်အရွယ်ကိုလိုက်၍ လေဖြတ်နိုင်သည့်အန္တရာယ် မြင့်မားလာပြီး သွေးတိုးနှင့် နှလုံးရောဂါရှိခြင်း၊ ဆီးချိုရောဂါရှိခြင်းကြောင့်လည်း လေ ဖြတ်နိုင်သည်။
ထို့ပြင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ မူးယစ် ဆေးသုံးခြင်း၊ အ၀လွန်ခြင်း၊ ကျန်းမာရေးနှင့်မညီသော အစားအ သောက်များစားခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းတို့ကဲ့သို့ နေထိုင်မှုပုံစံတချို့ကြောင့်လည်း လေဖြတ်နိုင်သည်။
အမျိုးသမီးများသည် အမျိုးသားများထက် ပို၍လေဖြတ်နိုင် သည့်အန္တရာယ်မြင့်မားပြီး ယင်းအခြေအနေကြောင့်သေဆုံးနိုင်ခြေ လည်း မြင့်မားသည်။ အမေရိကန်တွင် လေ့လာမှုများအရ တစ်နှစ် လျှင် အမျိုးသား ၅၅,၀၀၀ ဦး လေဖြတ်ခြင်းနှင့်ကြုံရချိန်တွင် အမျိုး သမီး ၄၂၅,၀၀၀ ဦးအထိ လေဖြတ်သည့်ဒဏ် ခံစားနေရကြောင်း သိရသည်။
ယင်းကဲ့သို့ဖြစ်ရသည့် အကြောင်းရင်းအပြည့်အ၀ကို မသိရ သော်လည်း ဘော့စတွန်မြို့ရှိ အမျိုးသမီးဆေးရုံမှ သုတေသီများ၏ လေ့လာမှုအရ အသက်ကြီးလာသည်နှင့်အမျှ အမျိုးသမီးများ လေ ဖြတ်နိုင်သည့်အန္တရာယ် မြင့်မားလာကြောင်း သိရသည်။
အသက်(၁၀)နှစ်မတိုင်မီ ဓမ္မတာလာခြင်း၊ အသက်(၄၅)နှစ် မတိုင်မီ သွေးဆုံးခြင်း၊ ဖိုဟိုမုန်းဆေးများ သောက်သုံးခြင်း၊ ကိုယ်၀န် ဆောင်မှုဆိုင်ရာ ရှုပ်ထွေးမှုများဖြစ်ဖူးခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ ကိုယ်၀န်ဆောင်စဉ်အတွင်း သွေးတိုးခြင်း စသော အခြေအနေများ ကြုံရသည့် အမျိုးသမီးများ လေဖြတ်နိုင်သည့်အန္တရာယ် မြင့်မားကြောင်း သုတေသီများကပြောသည်။ ယင်းအမျိုးသမီးများကို ဂရုတစိုက် စောင့်ကြည့်ပြီး ကျန်းမာရေးနှင့်အညီ နေထိုင််စားသောက် သင့်ကြောင်း သုတေသီများက အကြံပြုသည်။
—Ref: MNT
အမ်ိဳးသမီးမ်ားက အမ်ိဳးသားမ်ားထက္ ေလျဖတ္ႏုိင္ေျခပုိမ်ား
Reviewed by Unknown
on
February 12, 2018
Rating:
No comments:
Post a Comment