SHARE FROM SHWEMOM
ကွန်ဒုံး (၉၉၉)ဘူးနဲ့ အချစ်သက်သေထူပြီး Propose လုပ်ခဲဲ့တဲ့ တရုတ်အမျိုးသား
ဒီနေ့ခေတ်မှာတော့ ချစ်သူကို ပုံစံမျိုးစုံနဲ့ ရိုမန်တစ်ဆန်ဆန် Propose လုပ်နေကြတာကို တွေ့ရပါတယ််။ တစ်ချို့ကလည်း တကယ့် တန်ဖိုးကြီးပစ္စည်းတွေကို သုံးပြီး လက်ထပ်ခွင့်တောင်း၊ချစ်ခွင့်ပန်ကြတာတွေ ရှိသလို တစ်ချို့ကတော့ လူတွေအလယ်မှာ Surprise လုပ်ပြီး ချစ်ခွင့်ပန်၊ လက်ထပ်ခွင့်တောင်းကြတာကို တွေ့ရပါတယ်။ အဲဒီအထဲမှာမှ တရုတ် အမျိုးသားတစ်ယောက်ကတော့ သူများနဲ့ မတူတဲ့ ပစ္စည်းတွေကိုသုံးပြီး ချစ်သူကို လက်ထပ်ခွင့်တောင်း ခဲ့ပါတယ်။
ဒီဖြစ်ရပ်လေးကတော့ (၂၀၁၆)လောက်တုန်းက တရုတ်နိုင်ငံ Harbin မှာရှိတဲ့ မြို့တွင်းကွက်လပ်နေရာ တစ်ခုမှာ ဖြစ် ခဲ့တာပါ။ ကောင်လေးက သူ့ရဲ့ အချစ်တွေကို ကွန်ဒုံးတွေနဲ့ သက်သေပြခဲ့တာပါ။ မြေကွက်လပ်ကြီးရဲ့ အလယ်မှာ ကွန်ဒုံးဘူးတွေကို အသည်းပုံစံပုံဖော် ဖြန့်ခင်းထားခဲ့ပါတယ်။
ခေတ်သစ် Romeo ကတော့ ဘေးပတ်ပတ်လည်မှာ သနေ္ဓတားပစ္စည်း ကွန်ဒုံးတွေကို ခြံရံလို့ သူ့ ကောင်မလေးကို ဒူးထောက် လက်ထပ်ခွင့်တောင်းခဲ့တာပါ။ လက်ဆောင်ေ ပးတဲ့ ပန်းစည်းကျပြန်တော့လည်း G-strings တွေနဲ့ လုပ်ထားတဲ့ သူ့ရဲ့ ပန်းစည်းပါ။ တကယ့်ကို အူကြောင်ကြောင်နိုင်တဲ့ အတွေးလို့ ထင်ရပေမယ့် ကွန်ဒုံးတွေနဲ့ လက်ထပ်ခွင့်တောင်းရတဲ့ အကြောင်းအရင်း ရှိပါတယ်။
“ပျှမ်းမျှအားဖြင့် အမျိုသားတစ်ယောက်က သူ့ရဲ့ ဘ၀မှ Sex ကိစ္စအကြိမ်ရေ (၆၀၀၀)လောက် ကြုံရတယ်။ ကိုယ့် အတွက်ကတော့ အဲ့ဒီအကြိမ်ရေ အားလုံးဟာ မင်းနဲ့ပဲ ဖြစ်ချင်ပါတယ်…” ဆိုတဲ့ စကားကို ပြောပြီးလက်ထပ်ခွင့် တောင်းခဲ့တာပါ။ ဘေးမှာရှိတဲ့ ပရိသတ်တွေကလည်း ကောင်လေးရဲ့ ထူးခြားတဲ့ လက်ထပ်ခွင့်တောင်းတဲ့ စကားကို ၀ိုင်းပြီးအားပေးခဲ့ကြပါတယ်။
လက်ထပ်ခွင့်တောင်းတာ အောင်မြင်ပြီးနောက်မှာတော့ ကောင်လေးက ကွန်ဒုံးတွေကိုကြိုက်တဲ့ သူယူနိုင်ပါတယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ လူအုပ်ကြီးကလည်း အသည်းပုံဖော်ထားတဲ့ ကွန်ဒုံးတွေကို အလုအယက်ယူခဲ့ကြပြီး ခဏလေးအတွင်းမှာပဲ အကုန်အကုန်သွားခဲ့ပါတယ်။ လက်ထပ်ခွင့်တောင်းပြီးနောက်မှာတော့ ကောင်လေးစီးလာတဲ့ Porsche ကားအမိုက်စားလေးကိုစီးပြီး နှစ်ယောက်သား ထွက်ခွာသွားခဲ့တယ်လို့ Nextshark မှာ ဖော်ပြထားပါတယ်။
SHARE FROM SHWEMOM
ကွန်ဒုံး (၉၉၉)ဘူးနဲ့ အချစ်သက်သေထူပြီး Propose လုပ်ခဲ့တဲ့ တရုတ်အမျိုးသား
Reviewed by Unknown
on
February 12, 2018
Rating:
No comments:
Post a Comment