ရုပ်ရှင်လောက ဆိုတာ မူးယစ်ဆေးလိပ်၊ အရက် နဲ့ အခြား အကျင့်ဆိုး အစုံ ရှိတဲ့ နေရာလို့ ပရိသတ် အများစုက ထင်ကြပါတယ်။ သရုပ်ဆောင်တွေက အဲ့လောကမှာ အလုပ် လုပ်ကိုင်ရတဲ့ အတွက် အကျင့်ဆိုးတွေနဲ့ မကင်းပါဘူးလို့ ပရိသတ်တွေက ထင်ကြပါတယ်။ ဒါပေမယ့် အချို့ဆယ်လီဘရစ်တီတွေက ဇာတ်ရုပ်မှာ ကာရိုက်တာ ပီပြင်မှု ရှိဖို့ပဲ သရုပ်ဆောင်တာ ဖြစ်ပြီး သာမန်လူ တစ်ယောက် အဖြစ် နေတဲ့အခါ သောက်စားမှု ကင်းတဲ့ ဆယ်လီဘရစ်တီတွေလည်း ရှိပါတယ်။ Bollywood ဆယ်လီဘရစ်တီတွေထဲက အရက်သေစာ သောက်စားခြင်း ကင်းတဲ့ သရုပ်ဆောင် ၅ ယောက်ကို ဖော်ပြထားပါတယ်။
Siddharth Malhotra
ရုံဝင်ငွေ အများကြီး ရပြီး အောင်မြင်တဲ့ Student Of The Year ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ Siddharth Malhotra က party တွေ တက်ပေမယ့် အရက်သေစာ မသောက်တတ်တဲ့ မင်းသား ဖြစ်ပါတယ်။
Sonakshi Sinha
Sonakshi Sinha က လေ့ကျင်ခန်း လုပ်ရတာ ရူးသွပ်သူ ဖြစ်ပြီး အစားအသောက်လည်း ထိန်းတဲ့ ဆယ်လီဘရစ်တီ ဖြစ်ပါတယ်။ Sonakshi က diet လုပ် စားသောက်ပြီး တစ်နေ့ကို ၂ ခါ လေ့ကျင့်ခန်း လုပ်ပါတယ်။ အရက် မသောက်တတ်သူ ဖြစ်ပြီး အရင် မကောင်းကြောင်းကို အမြဲ ပြောတဲ့သူ ဖြစ်ပါတယ်။
Sonam Kapoor
Bollywood ရဲ့ လက်ရှိမှာ အလှဆုံး မင်းသမီး Sonam Kapoor က အားကစားတွေ ဘာတွေ လုပ်ရတာ မကြိုက်ပေမယ့် အစားအသောက်ကို diet လုပ် စားပြီး အရက်မသောက်တတ်ပါဘူး။
Shilpa Shetty
Shilpa Shetty ရဲ့ ကိုယ်လုံး ကျစ်လစ် သန်မာ ရခြင်းဟာ လျှို့ဝှက်ချက် အများကြီး ရှိပါတယ်။ Shetty က yoga ကျင့်၊ တရားမှတ်တာတွေကို နေ့တိုင်းလုပ်ပါတယ်။ အစားအသောက်ကို ဂရုစိုက်ရုံတင်မက အရက်လည်း မသောက်စားတတတ်သူ ဖြစ်ပါတယ်။
John Abraham
Gym ဆော့ခြင်းကို အရမ်း ရူးသွပ်တဲ့ မင်းသားချော John Abraham က ဆေးလိပ် နဲ့ အရက် ကို ရှောင်ပါတယ်။ John အမြဲပြောတာက အားကစားက သူ့ကိုးကွယ်တဲ့ ဘုရားတစ်ဆူ ဖြစ်ပါတယ်။
Deepika Padukone
Deepika ရဲ့ အလှအပ လျှို့ဝှက်ချက် က ကိုယ့်ကိုယ်ကို ထိန်းတာပါ။ အရက် မကြိုက်တဲ့ Deepika က ရေသောက်ရတာ အရမ်းကြိုက်သူ ဖြစ်ပါတယ်။ တရားမှတ်ခြင်း၊ yoga ကျင့်ခြင်း နဲ့ Gym ဆော့ခြင်း က သူနေတိုင်းလုပ်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။
Akshay Kumar
Akshay Kumar က မင်းသားတွေထဲက စည်းကမ်း အရမ်းရှိတဲ့ မင်းသား ဖြစ်ပြီး ကိုယ်လုံးလည်း အရမ်းလှတဲ့ မင်းသားချော ဖြစ်ပါတယ်။ တိုက်ကွန်ဒို မှာ ခါးပတ် အနက်ဆု ကိုင်ထားတဲ့ Akshay က ဆေးလိပ် နဲ့ အရက်ကို မသောက်တတ်ပါဘူး။
SHARE FROM Zan(Momolay)
အရက်သေစာ မသောက်စားတဲ့ ဘောလီးဝုဒ် ဆယ်လီဘရစ်တီများ
Reviewed by Unknown
on
February 12, 2018
Rating:
No comments:
Post a Comment