လန္ကက္ရွိုင္းယား ေဒသ Morecambe ကမ္းေျခမွာ Ken Wilman တေယာက္ သူ႕ေခြးနဲ႔လမ္းေလွ်ာက္ထြက္လာရင္း ေျခာက္ေပါင္ေလာက္ အေလးခ်ိန္စီးမယ့္ အနံ႕စူးစူးနဲ႔ ေက်ာက္တံုးလိုလို အဝါေရာင္အတံုးႀကီးတခုေတြ႕ခဲ့ပါတယ္။ အမွန္ေတာ့ ဒီအတံုးက ေဝလငါးအန္ဖတ္လို႔ ေခၚတဲ့ Ambergris substance ပါ။ ေရေမႊးေတြထုတ္လုပ္ရာမွာ ပါဝင္ပစၥည္းအေနနဲ႔ အသံုးျပဳၾကပါတယ္။ ေပါင္တသိန္းထိ တန္ေၾကး႐ွိေၾကာင္း Ken တေယာက္သိခဲ့ရပါတယ္။
ဒီေဝလငါးအန္ဖတ္အေၾကာင္း သိဖြယ္ရာေလးေတြ ေဖာ္ျပေပးလိုက္ပါတယ္။
Ambergris ဆိုတာ ဖေယာင္းသားနဲ႔တူတဲ့ အစိဳင္အခဲတံုးျဖစ္ၿပီး မီးေလာင္လြယ္ပါတယ္။ Sperm Whale ေဝလငါးအမ်ိဳးအစားေတြရဲ႕ အူေတြထဲမွာ ျဖစ္တည္ေနတတ္ၿပီး မီးခိုးမိႈင္းေရာင္ သို႕ အနက္သန္းေရာင္ ႐ွိပါတယ္။
သမုဒၵရာ ေရနက္ပိုင္းထဲမွာ ျပည္ႀကီးငါးေတြရဲ႕လက္ခ်က္နဲ႔ ဒီေဝလငါးေတြရဲ႕ ဝမ္းဗိုက္ကိုအထိအခိုက္မျဖစ္ရေအာင္ ကာကြယ္ေပးဖို႔ျဖစ္ပါတယ္။
ေဝလငါးအန္ဖတ္လို႔ ေျပာၾကေပမယ့္ ေဝလငါးစြန္႔ထားတဲ့ အေလး တံုးလည္း ျဖစ္ႏိုင္ပါတယ္။
ကုန္းေျမကေန ေရ မိုင္ေပါင္းမ်ားစြာအကြာအေဝးမွာ အစဦး စြန္႔ထားတာျဖစ္ပါတယ္။
ဒီ Ambergris ဟာ ကုန္းေပၚမေရာက္လာခင္ သမုဒၵရာ ေရျပင္ထဲ ႏွစ္ေပါင္းမ်ားစြာ ေမ်ာေနႏိုင္ပါတယ္။
ေနေရာင္ နဲ႔ ဆားဓာတ္ေတြကို ႏွစ္ေပါင္းမ်ားစြာ ထိေတြ႕လာရတာေၾကာင့္ ႏူးညံ့ၿပီး မီးခိုးေရာင္႐ွိတဲ့ ဖေယာက္သားေလးလို touch ခံစားမွဳ မ်ိဳးရွိတဲ့ ေက်ာက္သားတံုးက်စ္က်စ္ႀကီးျဖစ္လာခဲ့တာပါ။
လတ္လတ္ဆတ္ဆတ္ Ambergris ဟာ မစင္နံ႕ ေရနံ႔ေရာေနတတ္ၿပီး ၾကာျမင့္လာခ်ိန္မွာေတာ့ အနံ႔အသက္ကင္းၿပီး ေျမႀကီးလို အနံ႔မ်ိဳးသင္းလာတတ္ပါတယ္။
Ambergris ဆိုတဲ့ နာမည္က သူ႕နာမည္အတိုင္းပဲ ပယင္းနဲ႔တူၿပီး၊ gris ဆိုတာ grey ကို ကိုယ္စားျပဳတာေၾကာင့္ မီးခိုးေရာင္ပယင္းတံုး လို႔ ဆိုလိုတာပါ။
အေမႊးနံ႕သာ ၊ ေရေမႊး စသျဖင့္ ထုတ္လုပ္ရာမွာ သံုးၿပီး အလြန္ကို တန္ဖိုးႀကီးတဲ့ Ambergris ပါ။
ဒါေၾကာင္မို႔လည္း အဏၰဝါေရႊတံုး “Floating Gold”, လို႔ ေျပာစမွတ္ျပဳၾကပါတယ္။
SHARE FROM ေျပာခ်င္လြန္းလို႔
အဏ္ဏဝါရွှေတုံး “ငါးကြီးအန်ဖတ််” အကြောင်း သိကောင်းဖွယ်ရာများ
လန်ကက်ရှိုင်းယား ဒေသ Morecambe ကမ်းခြေမှာ Ken Wilman တယောက် သူ့ခွေးနဲ့လမ်းလျှောက်ထွက်လာရင်း ခြောက်ပေါင်လောက် အလေးချိန်စီးမယ့် အနံ့စူးစူးနဲ့ ကျောက်တုံးလိုလို အဝါရောင်အတုံးကြီးတခုတွေ့ခဲ့ပါတယ်။ အမှန်တော့ ဒီအတုံးက ဝေလငါးအန်ဖတ်လို့ ခေါ်တဲ့ Ambergris substance ပါ။ ရေမွှေးတွေထုတ်လုပ်ရာမှာ ပါဝင်ပစ္စည်းအနေနဲ့ အသုံးပြုကြပါတယ်။ ပေါင်တသိန်းထိ တန်ကြေးရှိကြောင်း Ken တယောက်သိခဲ့ရပါတယ်။
ဒီဝေလငါးအန်ဖတ်အကြောင်း သိဖွယ်ရာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
Ambergris ဆိုတာ ဖယောင်းသားနဲ့တူတဲ့ အစိုင်အခဲတုံးဖြစ်ပြီး မီးလောင်လွယ်ပါတယ်။ Sperm Whale ဝေလငါးအမျိုးအစားတွေရဲ့ အူတွေထဲမှာ ဖြစ်တည်နေတတ်ပြီး မီးခိုးမှိုင်းရောင် သို့ အနက်သန်းရောင် ရှိပါတယ်။
သမုဒ္ဒရာ ရေနက်ပိုင်းထဲမှာ ပြည်ကြီးငါးတွေရဲ့လက်ချက်နဲ့ ဒီဝေလငါးတွေရဲ့ ဝမ်းဗိုက်ကိုအထိအခိုက်မဖြစ်ရအောင် ကာကွယ်ပေးဖို့ဖြစ်ပါတယ်။
ဝေလငါးအန်ဖတ်လို့ ပြောကြပေမယ့် ဝေလငါးစွန့်ထားတဲ့ အလေး တုံးလည်း ဖြစ်နိုင်ပါတယ်။
ကုန်းမြေကနေ ရေ မိုင်ပေါင်းများစွာအကွာအဝေးမှာ အစဦး စွန့်ထားတာဖြစ်ပါတယ်။
ဒီ Ambergris ဟာ ကုန်းပေါ်မရောက်လာခင် သမုဒ္ဒရာ ရေပြင်ထဲ နှစ်ပေါင်းများစွာ မျောနေနိုင်ပါတယ်။
နေရောင် နဲ့ ဆားဓာတ်တွေကို နှစ်ပေါင်းများစွာ ထိတွေ့လာရတာကြောင့် နူးညံ့ပြီး မီးခိုးရောင်ရှိတဲ့ ဖယောက်သားလေးလို touch ခံစားမှု မျိုးရှိတဲ့ ကျောက်သားတုံးကျစ်ကျစ်ကြီးဖြစ်လာခဲ့တာပါ။
လတ်လတ်ဆတ်ဆတ် Ambergris ဟာ မစင်နံ့ ရေနံ့ရောနေတတ်ပြီး ကြာမြင့်လာချိန်မှာတော့ အနံ့အသက်ကင်းပြီး မြေကြီးလို အနံ့မျိုးသင်းလာတတ်ပါတယ်။
Ambergris ဆိုတဲ့ နာမည်က သူ့နာမည်အတိုင်းပဲ ပယင်းနဲ့တူပြီး၊ gris ဆိုတာ grey ကို ကိုယ်စားပြုတာကြောင့် မီးခိုးရောင်ပယင်းတုံး လို့ ဆိုလိုတာပါ။
အမွှေးနံ့သာ ၊ ရေမွှေး စသဖြင့် ထုတ်လုပ်ရာမှာ သုံးပြီး အလွန်ကို တန်ဖိုးကြီးတဲ့ Ambergris ပါ။
ဒါကြောင်မို့လည်း အဏ္ဏဝါရွှေတုံး “Floating Gold”, လို့ ပြောစမှတ်ပြုကြပါတယ်။
SHARE FROM ပြောချင်လွန်းလို့
အဏၰဝါေရႊတံုး “ငါးႀကီးအန္ဖတ္္” အေၾကာင္း သိေကာင္းဖြယ္ရာမ်ား
Reviewed by Unknown
on
February 14, 2018
Rating:
No comments:
Post a Comment