ချစ်သူအသစ်လေးနဲ့ Valentines day ကို ဖြတ်သန်းခဲ့တဲ့ အောင်ရဲလင်း
အနုပညာလောကရဲ့ ထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်သလို ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတဲ့ မင်းသား အောင်ရဲလင်း ရဲ့ ချစ်သူများနေ့ကလည်း အမှတ်တရပါပဲ ပရိသတ်ကြီးရေ။ အောင်ရဲလင်းဟာ နာမည်ကြီး ထိပ်တန်း Beauty Blogger တစ်ဦးနဲ့ နှစ်နှစ်ကြာတွဲခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် relationship ကို ရပ်ဆဲခဲ့ကြပါတယ်။ လက်ရှိမှာတော့ အောင်ရဲလင်းတစ်ယောက် ချစ်သူရနေပြီ ဆိုပြီးကောလဟာလတွေလည်း ထွက်ပေါ်လို့နေပါတယ်။
တလောက အမျိုးသမီးတစ်ဦးနဲ့ ဓာတ်ပုံတွေဟာ လူမှုစာမျက်နှာထက်ကို ထွက်ပေါ်လာခဲ့ပြီး အောင်ရဲလင်းရဲ့ ချစ်သူအသစ်ဆိုပြီး သူ့ရဲ့ ပရိသတ်တွေကြား နာမည်ကြီးခဲ့ပါတယ်။ သက်ဆိုင်သူတွေဖက်က ပြန်လည်ဖြေရှင်းတာမျိုး မရှိခဲ့ပေမယ့် မနေ့က ချစ်သူများနေ့မှာတော့ ကောင်မလေးက အတူညနေစာစားနေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ instagram မှာ တင်ထားတာ တွေ့ရပါတယ်။
သူမရဲ့ IG မှာတော့ "ဘာတွေဖြစ်ဖြစ် အနားမှာရှိနေပေးလို့ အရမ်းချစ်ပေးလို့ အရမ်းနားလည်ပေးလို့ ကျေးဇူးတင်ပါတယ် အရမ်းလည်း ချစ်ပါတယ် ရစ်တာတွေကို သီးခံတဲ့အတွက်လည်း ကျေးဇူးပါ နောက်လဲအဲ့ထက်ပိုပြီးရစ်အုံးမှာဖြစ်တဲ့အတွက် ထပ်ပီးသီးခံပေးပါအုံးလို့ အရမ်းချစ်တယ် အဖိုးကြီး" ဆိုပြီး သူမရဲ့ IG မှာ ဓာတ်ပုံလေးတွေကို တင်ထားခဲ့ပါတယ်။ ဓာတ်ပုံထဲက အမျိုးသားဓာတ်ပုံကို ဝါးထားပေမယ့် ပရိသတ်တွေကတော့ ဒါဘယ်သူလည်းဆိုတာ သိကြမှာပါနော်.....
SHARE FROM MYANMARLOAD
Reviewed by Unknown
on
February 14, 2018
Rating:
No comments:
Post a Comment