SHARE FROM CELE Road
နှလုံးခွဲစိတ်မှုခံယူနေတဲ့ ကလေးတစ်ယောက်ကို သွေးလှူခဲ့တဲ့ မေသက်ခိုင်
သရုပ်ဆောင် မေသက်ခိုင်တစ်ယောက်ကတော့ နှလုံးခွဲစိတ်မှုခံယူနေတဲ့ ကလေးတစ်ယောက်အတွက် သွေးလှူပေးခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာလေးကိုတော့ မေသက်ခိုင်ရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်မှာ တင်ထားတာပဲ ဖြစ်ပါတယ်။ မေသက်ခိုင်က ပရဟိတအလုပ်တွေ စွန့်လွှတ်ရတဲ့အလုပ်တွေကို ယခင်တည်းက စိတ်ဝင်စားသူတစ်ယောက်လည်း ဖြစ်ပါတယ်။
မနေ့ ဖေဖော်ဝါရီလ ၁၅ ရက် မေသက်ခိုင်တစ်ယောက် သူမရဲ့ သွေးလှူထားတဲ့အကြောင်းကို ခုလိုပဲ ရေးသားထားတာ ဖြစ်ပါတယ်။ “ကိုယ်သွေးလှူပေးခဲ့တဲ့ ကလေးလေး နှလုံးခွဲစိတ်မှု အောင်မြင်တယ်လို့ ဖုန်းဝင်လာပါတယ် ၈ နာရီ ကြာတဲ့ခွဲစိတ်မှုဟာ ၁၁ နှစ်အရွယ် ကလေးငယ်အတွက် ကလေးရဲ့မိသားစုတွေနဲ့ထပ်တူ စိတ်ပူမိတာတော့အမှန်ပါ ကလေးအတွက်မို့ သွေးလည်းအစအဆုံးပြန်စစ်ရတယ် သွေးစစ်တာအောင်မှ လှူခွင့်ရတာပါ ခွဲစိတ်နေတဲ့အချိန် တိုက်ရိုက်လှူရတာမို့ ပိုပြီးလည်းစိတ်လှုပ်ရှားမိပါတယ် ကိုယ့်အလှူအတွက် ကူညီအားဖြည့်ပေးတဲ့ မေကြီးနဲ့lk ကိုလည်းကျေးဇူးတင်ပါတယ်” လို့ ရေးထားတာ ဖြစ်ပါတယ်။
မေသက်ခိုင်က သူမရဲ့ ခန္ဓာကိုယ်ကိုလည်း ဆေးသုတေသနအတွက် လှူဒါန်းထားသူဖြစ်ပါတယ်။ အနုပညာအလုပ်တွေ မလုပ်တော့တဲ့ မေသက်ခိုင်တစ်ယောက် ခုတော့ ထိုင်းမှာ သင်တန်းတစ်ခုတက်နေတာ ြစ်ပါတယ်။ သူမရဲ့ ပရိတ်သတ်နဲ့ကတော့ ဖေ့စ်ဘွက်နေပဲ အဆက်အသွယ်ရှိနေတာ ဖြစ်ပြီး သူမကလည်း ပုံမှန်လေးတော့ အသုံးပြုနေတာ ဖြစ်ပါတယ်
SHARE FROM CELE Road
Reviewed by Unknown
on
February 15, 2018
Rating:
No comments:
Post a Comment