ေတာင္းစားသူကုိ စစ္ေဆးရာ အိတ္ထဲမွာ ေပါင္(၅)သိန္းေတြ႕ရလုိ႔ ရဲတပ္ဖြဲ႕အံ့ၾသေန

ဆီဒင္ႏုိင္ငံမွာ ေတာင္းစားသူတစ္ဦးဟာ ယာဥ္စီးခေပးဖုိ႔ ေငြအေၾကြအခ်ိဳ႕ လုိအပ္ေနလုိ႔ လမ္းသြားလမ္းလာေတြကို ဆဲဆုိၿပီး ဓားကုိလည္းေဝွ႕ယမ္းကာ ၿခိမ္းေျခာက္ေနခဲ့ရာ ရဲအရာရွိေတြက အျမန္ဖမ္းဆီး ထိန္းသိမ္းခဲ့ရပါတယ္။ အဆုိပါ ေတာင္းစားသူရဲ႕ အိတ္ကပ္ထဲကို လုံၿခဳံေရးအရ စစ္ေဆးတဲ့အခါမွာ ဆြီဒင္သုံးေငြေၾကး က႐ုိနာ (၆)သန္းေက်ာ္ကို ေတြ႕ရွိခဲ့ပါတယ္။

အဆုိပါ ေငြပမာဏဟာ လူခ်မ္းသာတစ္ေယာက္ရဲ႕ လက္ငင္းပုိင္ဆုိင္မႈထက္ အမ်ားႀကီးသာေနၿပီး၊ ေပါင္အေနနဲ႔ဆုိရင္ေတာ့ (၅)သိန္း (၃)ေသာင္းေက်ာ္ ျဖစ္ပါတယ္။ သူဟာ လက္ထဲမွာလည္း ဓားကိုကိုင္ထားၿပီး၊ လမ္းသြားလမ္းလာေတြကို ဆဲဆုိေအာ္ဟစ္ၿခိမ္းေျခာက္ၿပီး ယာဥ္စီးခအတြက္ ေငြေပးဖုိ႔ ေျပာဆုိေနခဲ့တယ္လုိ႔ သိရပါတယ္။

စေတာ့ဟုမ္းၿမိဳ႕က မုိင္(၅၀)အကြာ၊ Uppsala ၿမိဳ႕က ဘက္စ္ကားတစ္ခုရဲ႕ျပင္ပမွာ အခုလုိ ၿခိမ္းေျခာက္ေနခဲ့တာပါ။ ရဲေတြက သူ႕ကုိ ဖမ္းဆီးတဲ့အခါမွာေတာ့ ဘဏ္စာအုပ္က အိပ္ကပ္ထဲကေန ပထမဆုံး ထြက္က်လာပါတယ္။ သူ႕ရဲ႕အိတ္ေတြထဲကို ႏႈိက္ၿပီးစစ္ေဆးတဲ့အခါမွာေတာ့ ေပါင္ (၅၃၅၀၀၀)နဲ႔ ညီမွ်တဲ့ ဆီြဒင္ေငြေၾကးေတြကို ေတြ႕ရွိခဲ့ပါတယ္။

ရဲအရာရွိ Jale Poljarevius က ” ဒီလုိအေျခအေနနဲ႔ ဒီလုိအေနအထားမွာ ေငြပမာဏဒီေလာက္မ်ားမ်ား ပုိင္ဆုိင္တဲ့သူ ကၽြန္ေတာ့္တစ္သက္မွာ တစ္ခါမွ မေတြ႕ဖူးပါဘူး … ေတာ္႐ုံလူေတာင္ အသုံးစာရိတ္ ႀကီးႀကီးမားမား မရွိရင္ ေပါင္ (၅၀၀၀)ေလာက္ဆုိ မ်ားလွၿပီေလ … အတြင္းထဲမွာ အုပ္လုိက္ေတြခ်ည္းပဲ “လုိ႔ ေျပာခဲ့ပါတယ္။

သူကဆက္လက္ၿပီး ဒီေလာက္ ေငြအမ်ားႀကီးနဲ႔ ေလွ်ာက္သြားေနတာဆုိေတာ့ သူဟာ ရာဇဝတ္မႈေတြအတြက္ သံယသရွိစရာ၊ သုိ႔မဟုတ္ ရာဇဝတ္မႈေတြကို လက္ယပ္ေခၚသလုိ ျဖစ္ေစမယ္လုိ႔ဆုိပါတယ္။ ဆီဒင္မွာ အျမင့္ဆုံးေငြစကၠဴဟာ (၁၀၀၀)တန္ က႐ုိနာျဖစ္ၿပီး၊ သူ႕မွာ (၁၀၀၀)တန္အရြက္ (၆၀၀၀)အထိ ရွိေနတဲ့သေဘာပါ။

ဒီေထာင္တန္ေတြကို ေရတြက္ဖုိ႔ ရဲတပ္ဖြဲ႕ဝင္ေတြဟာ တစ္ရက္ေက်ာ္ အခ်ိန္ယူခဲ့ရတယ္လုိ႔ ဆုိပါတယ္။ Uppsala Police ရဲတပ္ဖြဲ႕မွ ေျပာေရးဆုိခြင့္ရွိသူက အဆုိပါ (၅၅)ႏွစ္အရြယ္ အမ်ိဳးသားဟာ ဘက္စ္ကားစီးဖုိ႔ ေငြအေၾကြေတာင္းခံေနသူျဖစ္ၿပီး အေနာက္ပုိင္းကို ျပန္မယ့္သူလုိ႔ သိရပါတယ္။ သူလုိခ်င္တဲ့ပုိက္ဆံမရေတာ့ အားလုံးကို ဆဲဆုိေနတယ္လုိ႔ ဆုိပါတယ္။ ေလာေလာဆယ္ သူ႕ကို ေငြမည္းခဝါခ်မႈအတြက္ ဖမ္းဆီးစစ္ေဆးေနပါတယ္။

SHARE FROM နတ္စည္ေတာ္ (Shwemom)

တောင်းစားသူကို စစ်ဆေးရာ အိတ်ထဲမှာ ပေါင်(၅)သိန်းတွေ့ရလို့ ရဲတပ်ဖွဲ့အံ့သြနေ

ဆီဒင်နိုင်ငံမှာ တောင်းစားသူတစ်ဦးဟာ ယာဉ်စီးခပေးဖို့ ငွေအကြွေအချို့ လိုအပ်နေလို့ လမ်းသွားလမ်းလာတွေကို ဆဲဆိုပြီး ဓားကိုလည်းဝှေ့ယမ်းကာ ခြိမ်းခြောက်နေခဲ့ရာ ရဲအရာရှိတွေက အမြန်ဖမ်းဆီး ထိန်းသိမ်းခဲ့ရပါတယ်။ အဆိုပါ တောင်းစားသူရဲ့ အိတ်ကပ်ထဲကို လုံခြုံရေးအရ စစ်ဆေးတဲ့အခါမှာ ဆွီဒင်သုံးငွေကြေး ကရိုနာ (၆)သန်းကျော်ကို တွေ့ရှိခဲ့ပါတယ်။

အဆိုပါ ငွေပမာဏဟာ လူချမ်းသာတစ်ယောက်ရဲ့ လက်ငင်းပိုင်ဆိုင်မှုထက် အများကြီးသာနေပြီး၊ ပေါင်အနေနဲ့ဆိုရင်တော့ (၅)သိန်း (၃)သောင်းကျော် ဖြစ်ပါတယ်။ သူဟာ လက်ထဲမှာလည်း ဓားကိုကိုင်ထားပြီး၊ လမ်းသွားလမ်းလာတွေကို ဆဲဆိုအော်ဟစ်ခြိမ်းခြောက်ပြီး ယာဉ်စီးခအတွက် ငွေပေးဖို့ ပြောဆိုနေခဲ့တယ်လို့ သိရပါတယ်။

စတော့ဟုမ်းမြို့က မိုင်(၅၀)အကွာ၊ Uppsala မြို့က ဘက်စ်ကားတစ်ခုရဲ့ပြင်ပမှာ အခုလို ခြိမ်းခြောက်နေခဲ့တာပါ။ ရဲတွေက သူ့ကို ဖမ်းဆီးတဲ့အခါမှာတော့ ဘဏ်စာအုပ်က အိပ်ကပ်ထဲကနေ ပထမဆုံး ထွက်ကျလာပါတယ်။ သူ့ရဲ့အိတ်တွေထဲကို နှိုက်ပြီးစစ်ဆေးတဲ့အခါမှာတော့ ပေါင် (၅၃၅၀၀၀)နဲ့ ညီမျှတဲ့ ဆွီဒင်ငွေကြေးတွေကို တွေ့ရှိခဲ့ပါတယ်။

ရဲအရာရှိ Jale Poljarevius က ” ဒီလိုအခြေအနေနဲ့ ဒီလိုအနေအထားမှာ ငွေပမာဏဒီလောက်များများ ပိုင်ဆိုင်တဲ့သူ ကျွန်တော့်တစ်သက်မှာ တစ်ခါမှ မတွေ့ဖူးပါဘူး … တော်ရုံလူတောင် အသုံးစာရိတ် ကြီးကြီးမားမား မရှိရင် ပေါင် (၅၀၀၀)လောက်ဆို များလှပြီလေ … အတွင်းထဲမှာ အုပ်လိုက်တွေချည်းပဲ “လို့ ပြောခဲ့ပါတယ်။

သူကဆက်လက်ပြီး ဒီလောက် ငွေအများကြီးနဲ့ လျှောက်သွားနေတာဆိုတော့ သူဟာ ရာဇဝတ်မှုတွေအတွက် သံယသရှိစရာ၊ သို့မဟုတ် ရာဇဝတ်မှုတွေကို လက်ယပ်ခေါ်သလို ဖြစ်စေမယ်လို့ဆိုပါတယ်။ ဆီဒင်မှာ အမြင့်ဆုံးငွေစက္ကူဟာ (၁၀၀၀)တန် ကရိုနာဖြစ်ပြီး၊ သူ့မှာ (၁၀၀၀)တန်အရွက် (၆၀၀၀)အထိ ရှိနေတဲ့သဘောပါ။

ဒီထောင်တန်တွေကို ရေတွက်ဖို့ ရဲတပ်ဖွဲ့ဝင်တွေဟာ တစ်ရက်ကျော် အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ Uppsala Police ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက အဆိုပါ (၅၅)နှစ်အရွယ် အမျိုးသားဟာ ဘက်စ်ကားစီးဖို့ ငွေအကြွေတောင်းခံနေသူဖြစ်ပြီး အနောက်ပိုင်းကို ပြန်မယ့်သူလို့ သိရပါတယ်။ သူလိုချင်တဲ့ပိုက်ဆံမရတော့ အားလုံးကို ဆဲဆိုနေတယ်လို့ ဆိုပါတယ်။ လောလောဆယ် သူ့ကို ငွေမည်းခဝါချမှုအတွက် ဖမ်းဆီးစစ်ဆေးနေပါတယ်။

SHARE FROM နတ်စည်တော် (Shwemom)
ေတာင္းစားသူကုိ စစ္ေဆးရာ အိတ္ထဲမွာ ေပါင္(၅)သိန္းေတြ႕ရလုိ႔ ရဲတပ္ဖြဲ႕အံ့ၾသေန ေတာင္းစားသူကုိ စစ္ေဆးရာ အိတ္ထဲမွာ ေပါင္(၅)သိန္းေတြ႕ရလုိ႔ ရဲတပ္ဖြဲ႕အံ့ၾသေန

Reviewed by Unknown on February 15, 2018 Rating: 5

No comments:

Powered by Blogger.