အဂၤလန္ႏိုင္ငံမွာ ပိုက္ျပင္အလုပ္ကို လုပ္ကိုင္တဲ့လူတစ္ေယာက္ဟာ ႏွစ္စဥ္ေပါင္သိန္းနဲ႔ခ်ီ ဝင္ေငြရရွိေနတယ္လို႔ သိရပါတယ္။ အသက္(၃၄)ႏွစ္ပဲရွိေသးတဲ့ Stephen Fry ဟာ လန္ဒန္ရဲ႕ အႀကီးဆံုးပိုက္ျပင္ကုမၸဏီ Pimlico Plumbers မွာ ပုဂၢလိက ပိုက္ျပင္သမားအျဖစ္ အလုပ္လုပ္ကိုင္ေနတာျဖစ္ပါတယ္။ တစ္ႏွစ္မွာ ေပါင္(၂၁၀,၀၀၀) ၀င္ေငြရရွိတဲ့ Stephen ဟာ ၀န္ၾကီးခ်ဳပ္ရဲ႕ လစာထက္ေတာင္ သာလြန္ၿပီး လန္ဒန္ရဲ႕ သီးသန္႔လူကံုထံရပ္ကြက္မွာလည္း အိမ္တစ္လံုး၀ယ္ယူထားပါေသးတယ္။
Stephen ဟာ Hertfordhire က Croxley Green မွာရွိတဲ့ ေကာင္စီအိမ္ရာမွာ ၾကီးျပင္းလာခဲ့တာပါ။ ေဆာက္လုပ္ေရးသမားတစ္ဦးရဲ႕သားျဖစ္တဲ့ Stephen ဟာ အထက္တန္းေက်ာင္းၿပီးတဲ့အခါ အလုပ္ရွာရာမွာ အခက္အခဲ ျဖစ္ခဲ့ပါတယ္။ အသက္(၁၇)ႏွစ္မွာေတာ့ ပိုက္ျပင္ေလာကထဲကို အလုပ္သင္အေနနဲ႔ စတင္၀င္ေရာက္ခဲ့ပါတယ္။
(၄)ႏွစ္ေလာက္ အလုပ္သင္အေနနဲ႔ သင္ယူၿပီးတဲ့ေနာက္မွာ Stephen ကတစ္ပတ္ကို မျဖစ္စေလာက္ေငြ ေပါင္(၁၀၀) ေလာက္သာရရွိခဲ့ပါတယ္။ ထို႔ေနာက္မွာေတာ့ ကိုယ္ပိုင္လုပ္ငန္းတစ္ခုကို တည္ေထာင္ကာ ပုဂၢလိကပိုက္ျပင္ဆရာတစ္ဦးအေနနဲ႔ Pimlico Plumers ကုမၸဏီမွာ လြန္ခဲ့တဲ့(၅)ႏွစ္မွာ စတင္အလုပ္၀င္ခဲ့ပါတယ္။ အခုဆိုရင္ေတာ့ Stephen ဟာ Kensington က တိုက္ခန္းမွာ ဇနီးျဖစ္သူ Grace န႔ဲ သားျဖစ္သူ Oliver တို႔နဲ႔အတူ ေနထိုင္လ်က္ရွိေနပါတယ္။
Stephens ဟာ တစ္ရက္ကို(၁၀)နာရီၾကာ အလုပ္လုပ္ပါတယ္။ တနလၤာေန႔ေတြနဲ႔ အဂၤါေန႔ေတြမွာလည္းေရဘံုဘိုင္ေခါင္းျပင္တာ၊ အိမ္သာေရဆင္းပိတ္တာစတဲ့ အေရးတၾကီးဖုန္းလာတာေတြရွိခဲ့ရင္ ညဘက္ အလုပ္ဆင္းရပါေသးတယ္။ Stephens က သူဟာကုမၸဏီထဲမွာ ပိုက္ဆံေၾကးအမ်ားဆံုးရတဲ့ ပိုက္ျပင္သမားတစ္ေယာက္ျဖစ္ၿပီး အပင္ပန္းဆံုးထဲက တစ္ေယာက္လည္းျဖစ္ေၾကာင္း ဆိုပါတယ္။
Pimlico ကိုတည္ေထာင္သူ Charlie Mullins ကေတာ့ ကုမၸဏီမွာရွိၾကတဲ့ ပုဂၢလိက ပိုက္ျပင္ဆရာအေယာက္(၂၂၅)ေယာက္မွာ တစ္၀က္ေလာက္က ေပါင္(၁)သိိန္း၀န္းက်င္သာရရွိေၾကာင္း ေျပာျပပါတယ္။ ထုိထဲက (၁၂)ေယာက္ေလာက္ကေတာ့ အနည္းဆံုးေပါင္(၂)သိန္းေလာက္ ရရွိၾကေၾကာင္းဆိုပါတယ္။
Mullins က Stephen ဟာ ကုမၸဏီမွာအေကာင္းဆံုး ပိုက္ျပင္သမားေတြထဲက တစ္ေယာက္လို႔ဆိုပါတယ္။ Stephen ဟာ သူ႔အလုပ္နဲ႔ပတ္သက္လို႔ ဂုဏ္ယူသူတစ္ေယာက္လဲျဖစ္ပါတယ္။ တစ္ခါတုန္းက Stephen ဟာ အမ်ိဳးသမီးတစ္ေယာက္အိမ္ကို ေရပိုက္သြားျပင္ပါတယ္။ အိမ္ေရာက္တဲ့အခါမွာ အိမ္မ်က္ႏွာက်က္ကေန ေရေတြပန္းထြက္ေနၿပီးအမ်ိဳးသမီးကလည္း ငိုေနပါတယ္။ ထို႔ေနာက္ Stephen ကေရေတြပန္းထြက္ေနတာ ရပ္ေအာင္ျပဳျပင္ေပးလိုက္ပါတယ္။ ထိုအခါ အမ်ိဳးသမီးက ေတာ္ေတာ္ၾကီးေက်နပ္သြားတဲ့အခါ သူပါစိတ္ခ်မ္းသာရေၾကာင္းလည္း ေျပာျပခဲ့ပါတယ္။
SHARE FROM လင္းလင္း(ShweMom)
၀န်ကြီးချုပ်ထက်တောင် ၀င်ငွေပိုများတဲ့ အင်္ဂလန်က တစ်ကိုယ်တော်ပိုက်ပြင်ဆရာ
အင်္ဂလန်နိုင်ငံမှာ ပိုက်ပြင်အလုပ်ကို လုပ်ကိုင်တဲ့လူတစ်ယောက်ဟာ နှစ်စဉ်ပေါင်သိန်းနဲ့ချီ ဝင်ငွေရရှိနေတယ်လို့ သိရပါတယ်။ အသက်(၃၄)နှစ်ပဲရှိသေးတဲ့ Stephen Fry ဟာ လန်ဒန်ရဲ့ အကြီးဆုံးပိုက်ပြင်ကုမ္ပဏီ Pimlico Plumbers မှာ ပုဂ္ဂလိက ပိုက်ပြင်သမားအဖြစ် အလုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။ တစ်နှစ်မှာ ပေါင်(၂၁၀,၀၀၀) ၀င်ငွေရရှိတဲ့ Stephen ဟာ ၀န်ကြီးချုပ်ရဲ့ လစာထက်တောင် သာလွန်ပြီး လန်ဒန်ရဲ့ သီးသန့်လူကုံထံရပ်ကွက်မှာလည်း အိမ်တစ်လုံး၀ယ်ယူထားပါသေးတယ်။
Stephen ဟာ Hertfordhire က Croxley Green မှာရှိတဲ့ ကောင်စီအိမ်ရာမှာ ကြီးပြင်းလာခဲ့တာပါ။ ဆောက်လုပ်ရေးသမားတစ်ဦးရဲ့သားဖြစ်တဲ့ Stephen ဟာ အထက်တန်းကျောင်းပြီးတဲ့အခါ အလုပ်ရှာရာမှာ အခက်အခဲ ဖြစ်ခဲ့ပါတယ်။ အသက်(၁၇)နှစ်မှာတော့ ပိုက်ပြင်လောကထဲကို အလုပ်သင်အနေနဲ့ စတင်၀င်ရောက်ခဲ့ပါတယ်။
(၄)နှစ်လောက် အလုပ်သင်အနေနဲ့ သင်ယူပြီးတဲ့နောက်မှာ Stephen ကတစ်ပတ်ကို မဖြစ်စလောက်ငွေ ပေါင်(၁၀၀) လောက်သာရရှိခဲ့ပါတယ်။ ထို့နောက်မှာတော့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို တည်ထောင်ကာ ပုဂ္ဂလိကပိုက်ပြင်ဆရာတစ်ဦးအနေနဲ့ Pimlico Plumers ကုမ္ပဏီမှာ လွန်ခဲ့တဲ့(၅)နှစ်မှာ စတင်အလုပ်၀င်ခဲ့ပါတယ်။ အခုဆိုရင်တော့ Stephen ဟာ Kensington က တိုက်ခန်းမှာ ဇနီးဖြစ်သူ Grace န့ဲ သားဖြစ်သူ Oliver တို့နဲ့အတူ နေထိုင်လျက်ရှိနေပါတယ်။
Stephens ဟာ တစ်ရက်ကို(၁၀)နာရီကြာ အလုပ်လုပ်ပါတယ်။ တနင်္လာနေ့တွေနဲ့ အင်္ဂါနေ့တွေမှာလည်းရေဘုံဘိုင်ခေါင်းပြင်တာ၊ အိမ်သာရေဆင်းပိတ်တာစတဲ့ အရေးတကြီးဖုန်းလာတာတွေရှိခဲ့ရင် ညဘက် အလုပ်ဆင်းရပါသေးတယ်။ Stephens က သူဟာကုမ္ပဏီထဲမှာ ပိုက်ဆံကြေးအများဆုံးရတဲ့ ပိုက်ပြင်သမားတစ်ယောက်ဖြစ်ပြီး အပင်ပန်းဆုံးထဲက တစ်ယောက်လည်းဖြစ်ကြောင်း ဆိုပါတယ်။
Pimlico ကိုတည်ထောင်သူ Charlie Mullins ကတော့ ကုမ္ပဏီမှာရှိကြတဲ့ ပုဂ္ဂလိက ပိုက်ပြင်ဆရာအယောက်(၂၂၅)ယောက်မှာ တစ်၀က်လောက်က ပေါင်(၁)သိိန်း၀န်းကျင်သာရရှိကြောင်း ပြောပြပါတယ်။ ထိုထဲက (၁၂)ယောက်လောက်ကတော့ အနည်းဆုံးပေါင်(၂)သိန်းလောက် ရရှိကြကြောင်းဆိုပါတယ်။
Mullins က Stephen ဟာ ကုမ္ပဏီမှာအကောင်းဆုံး ပိုက်ပြင်သမားတွေထဲက တစ်ယောက်လို့ဆိုပါတယ်။ Stephen ဟာ သူ့အလုပ်နဲ့ပတ်သက်လို့ ဂုဏ်ယူသူတစ်ယောက်လဲဖြစ်ပါတယ်။ တစ်ခါတုန်းက Stephen ဟာ အမျိုးသမီးတစ်ယောက်အိမ်ကို ရေပိုက်သွားပြင်ပါတယ်။ အိမ်ရောက်တဲ့အခါမှာ အိမ်မျက်နှာကျက်ကနေ ရေတွေပန်းထွက်နေပြီးအမျိုးသမီးကလည်း ငိုနေပါတယ်။ ထို့နောက် Stephen ကရေတွေပန်းထွက်နေတာ ရပ်အောင်ပြုပြင်ပေးလိုက်ပါတယ်။ ထိုအခါ အမျိုးသမီးက တော်တော်ကြီးကျေနပ်သွားတဲ့အခါ သူပါစိတ်ချမ်းသာရကြောင်းလည်း ပြောပြခဲ့ပါတယ်။
SHARE FROM လင်းလင်း(ShweMom)
၀န္ႀကီးခ်ဳပ္ထက္ေတာင္ ၀င္ေငြပုိမ်ားတဲ့ အဂၤလန္က တစ္ကိုယ္ေတာ္ပိုက္ျပင္ဆရာ
Reviewed by Unknown
on
February 05, 2018
Rating:
No comments:
Post a Comment