Padmavati (Padmaavat) အႏၵိယရုပ္ရွင္ဇာတ္ကားရဲ႕ေနာက္ကြယ္က စိတ္ဝင္စားဖြယ္ရာအေၾကာင္းအရာမ်ား



လတ္တေလာ ႏုိင္ငံတစ္ဝန္းမွာ ရံုတင္ျပသလ်က္ရွိတဲ့ နာမည္ႀကီး အိႏၵိယရုပ္ရွင္ကားႀကီး Padmavati ရဲ႕ရိုက္ကြင္းေနာက္ကြယ္က အခက္အခဲမ်ားနဲ႔ စိတ္ဝင္စားဖြယ္ရာအေၾကာင္းအရာမ်ားကို ေဝမွ်ေပးခ်င္ပါတယ္။

ဘာသာေရးအေၾကာင္းကို အေျခခံရိုက္ကူးထားတဲ့ Padmavati ရုပ္ရွင္ဇာတ္ကားက အိႏၵိယႏုိင္ငံမွာ ရံုတင္ျပသခြင့္ ပိတ္ပင္ဖို႔ ဆႏၵျပကန္႔ကြက္မႈေတြနဲ႔ ေတာ္ေတာ္ဂယက္ထခဲ့ပါတယ္။ ပါဝင္သရုပ္ေဆာင္ ခဲ့ၾကတဲ့ အႏုပညာရွင္မ်ားကို ေခါင္းျဖတ္သတ္ဖို႔ ဆုေၾကးေငြေပးအပ္မယ္ ဆိုၿပီး မီဒီယာေတြမွာ ေၾကညာခဲ့တဲ့ထိကို အိႏၵိယရုပ္ရွင္ေလာကတစ္ခုလံုး တုန္လႈပ္သြားခဲ့တာပါ။ Padmavati ရုပ္ရွင္ဇာတ္ကားကို ရံုတင္ျပသခြင့္ မျပဳသင့္ဘူးလို႔ ဘာသာေရးအဖြဲအစည္း ၆ဖြဲ႕ကေနၿပီးေတာ့ အစိုးရထံ ေတာင္းဆိုခဲ့ၾကပါေသးတယ္။ ဘာသာေရးဂိုဏ္းမ်ား ပါဝင္ပတ္သတ္ခဲ့ရတဲ့ရုပ္ရွင္ေတြျဖစ္တဲ့ PK, OMG စတဲ့ရုပ္ရွင္ဇာတ္ကားေတြထက္ Padmavati က ပိုမိုဖိအားေပးခံခဲ့ရတဲ့ ရုပ္ရွင္အျဖစ္ သမိုင္းဝင္ခဲ့ပါတယ္။ ဒီအိႏၵိယရုပ္ရွင္ဇာတ္ကားကို ႏုိင္ငံတဝန္းမွာ ရံုတင္ခြင့္ျပသဖို႔ ႏုိင္ငံတကာ ကမ္းလွမ္းမႈကလည္း Bahubali ရုပ္ရွင္ထက္ မ်ားျပားခဲ့ပါတယ္။













ဘာသာေရးဂိုဏ္းမ်ားရဲ႕ ဖိအားေပးမႈမ်ားၾကားက Padmavati ရုပ္ရွင္ကိုျပသဖို႔ ႀကိဳးစားမႈ ေအာင္ျမင္ခဲ့ေပမယ့္ တခိ်ဳ႕ဇာတ္ဝင္ခန္းေတြ ကိုေတာ့ ရံုမွာျပသဖို႔ ပိတ္ပင္ခံရမႈေၾကာင့္ မူလရုပ္ရွင္ဇာတ္ကားၾကာခ်ိန္ထက္ ၂၃မိနစ္ ဆင္ဆာျဖတ္ေတာက္ခံရၿပီး ၁၆၃မိနစ္သာ ျပသခြင့္ရခဲ့ပါတယ္။

Padmavati ရုပ္ရွင္အတြက္ အႏုပညာေၾကးမွာ မင္းသား Ranveer Singh (ရူပီ ၈ကုေဋ)၊ မင္းသမီး Deepika (ရူပီ ၁၁ကုေဋ) ရရွိတယ္ဆိုေပမယ့္ မင္းသားကပိုၿပီး ရိုက္ခ်က္၂ဆ ပိုေပးခဲ့ရသူလို႔ သိရပါတယ္။ ရုပ္ရွင္ရိုက္ေနစဥ္အတြင္းမွာလည္း မင္းသား Ranveer က မေတာ္တဆ ထိခုိက္မႈ ၉ႀကိမ္အထိ ျဖစ္ခဲ့ရပါတယ္။ မင္းသမီး Deepika ဒီရုပ္ရွင္မွာ အႏုပညာေၾကးအျမင့္ဆံုး ရရွိသူျဖစ္ၿပီး သူမအတြက္ အသံုးျပဳခဲ့တဲ့ ဝတ္စံုနဲ႔ အသံုးအေဆာင္ေတြအတြက္ ကုန္က်စရိတ္ဟာ ရူပီ ၆ကုေဋထိ ရွိခဲ့ပါတယ္။

Padmaavat လို႔နာမည္ေျပာင္းၿပီး ျပသခဲ့ရတဲ့ Padmavati ရုပ္ရွင္ဟာ မူလက ရံုေပါင္း ၈ေထာင္ေက်ာ္မွာသာ ျပသဖို႔ လ်ာထားျခင္းခံခဲ့ရေပမယ့္ လက္ရွိမွာေတာ့ ႏုိင္ငံတကာရံုေပါင္း တစ္ေသာင္းေက်ာ္ထိျပသဖို႔ ေၾကညာခံထားရတဲ့ ဇာတ္ကားေကာင္းတစ္ကားပဲ ျဖစ္ပါတယ္။

SHARE FROM နန္း(ေရႊအင္းေလး)

Padmavati (Padmaavat) အန္ဒိယရုပ်ရှင်ဇာတ်ကားရဲ့နောက်ကွယ်က စိတ်ဝင်စားဖွယ်ရာအကြောင်းအရာများ

လတ်တလော နိုင်ငံတစ်ဝန်းမှာ ရုံတင်ပြသလျက်ရှိတဲ့ နာမည်ကြီး အိန္ဒိယရုပ်ရှင်ကားကြီး Padmavati ရဲ့ရိုက်ကွင်းနောက်ကွယ်က အခက်အခဲများနဲ့ စိတ်ဝင်စားဖွယ်ရာအကြောင်းအရာများကို ဝေမျှပေးချင်ပါတယ်။

ဘာသာရေးအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ Padmavati ရုပ်ရှင်ဇာတ်ကားက အိန္ဒိယနိုင်ငံမှာ ရုံတင်ပြသခွင့် ပိတ်ပင်ဖို့ ဆန္ဒပြကန့်ကွက်မှုတွေနဲ့ တော်တော်ဂယက်ထခဲ့ပါတယ်။ ပါဝင်သရုပ်ဆောင် ခဲ့ကြတဲ့ အနုပညာရှင်များကို ခေါင်းဖြတ်သတ်ဖို့ ဆုကြေးငွေပေးအပ်မယ် ဆိုပြီး မီဒီယာတွေမှာ ကြေညာခဲ့တဲ့ထိကို အိန္ဒိယရုပ်ရှင်လောကတစ်ခုလုံး တုန်လှုပ်သွားခဲ့တာပါ။ Padmavati ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသခွင့် မပြုသင့်ဘူးလို့ ဘာသာရေးအဖွဲအစည်း ၆ဖွဲ့ကနေပြီးတော့ အစိုးရထံ တောင်းဆိုခဲ့ကြပါသေးတယ်။ ဘာသာရေးဂိုဏ်းများ ပါဝင်ပတ်သတ်ခဲ့ရတဲ့ရုပ်ရှင်တွေဖြစ်တဲ့ PK, OMG စတဲ့ရုပ်ရှင်ဇာတ်ကားတွေထက် Padmavati က ပိုမိုဖိအားပေးခံခဲ့ရတဲ့ ရုပ်ရှင်အဖြစ် သမိုင်းဝင်ခဲ့ပါတယ်။ ဒီအိန္ဒိယရုပ်ရှင်ဇာတ်ကားကို နိုင်ငံတဝန်းမှာ ရုံတင်ခွင့်ပြသဖို့ နိုင်ငံတကာ ကမ်းလှမ်းမှုကလည်း Bahubali ရုပ်ရှင်ထက် များပြားခဲ့ပါတယ်။

ဘာသာရေးဂိုဏ်းများရဲ့ ဖိအားပေးမှုများကြားက Padmavati ရုပ်ရှင်ကိုပြသဖို့ ကြိုးစားမှု အောင်မြင်ခဲ့ပေမယ့် တခိျု့ဇာတ်ဝင်ခန်းတွေ ကိုတော့ ရုံမှာပြသဖို့ ပိတ်ပင်ခံရမှုကြောင့် မူလရုပ်ရှင်ဇာတ်ကားကြာချိန်ထက် ၂၃မိနစ် ဆင်ဆာဖြတ်တောက်ခံရပြီး ၁၆၃မိနစ်သာ ပြသခွင့်ရခဲ့ပါတယ်။

Padmavati ရုပ်ရှင်အတွက် အနုပညာကြေးမှာ မင်းသား Ranveer Singh (ရူပီ ၈ကုဋေ)၊ မင်းသမီး Deepika (ရူပီ ၁၁ကုဋေ) ရရှိတယ်ဆိုပေမယ့် မင်းသားကပိုပြီး ရိုက်ချက်၂ဆ ပိုပေးခဲ့ရသူလို့ သိရပါတယ်။ ရုပ်ရှင်ရိုက်နေစဉ်အတွင်းမှာလည်း မင်းသား Ranveer က မတော်တဆ ထိခိုက်မှု ၉ကြိမ်အထိ ဖြစ်ခဲ့ရပါတယ်။ မင်းသမီး Deepika ဒီရုပ်ရှင်မှာ အနုပညာကြေးအမြင့်ဆုံး ရရှိသူဖြစ်ပြီး သူမအတွက် အသုံးပြုခဲ့တဲ့ ဝတ်စုံနဲ့ အသုံးအဆောင်တွေအတွက် ကုန်ကျစရိတ်ဟာ ရူပီ ၆ကုဋေထိ ရှိခဲ့ပါတယ်။

Padmaavat လို့နာမည်ပြောင်းပြီး ပြသခဲ့ရတဲ့ Padmavati ရုပ်ရှင်ဟာ မူလက ရုံပေါင်း ၈ထောင်ကျော်မှာသာ ပြသဖို့ လျာထားခြင်းခံခဲ့ရပေမယ့် လက်ရှိမှာတော့ နိုင်ငံတကာရုံပေါင်း တစ်သောင်းကျော်ထိပြသဖို့ ကြေညာခံထားရတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

SHARE FROM နန်း(ရွှေအင်းလေး)
Padmavati (Padmaavat) အႏၵိယရုပ္ရွင္ဇာတ္ကားရဲ႕ေနာက္ကြယ္က စိတ္ဝင္စားဖြယ္ရာအေၾကာင္းအရာမ်ား Padmavati (Padmaavat) အႏၵိယရုပ္ရွင္ဇာတ္ကားရဲ႕ေနာက္ကြယ္က စိတ္ဝင္စားဖြယ္ရာအေၾကာင္းအရာမ်ား


Reviewed by Unknown on February 05, 2018 Rating: 5

No comments:

Powered by Blogger.