ေစ်းသက္သာတဲ့ နည္းလမ္းေလးေတြနဲ႔ ဝက္ျခံေတြကို တြန္းလွန္ႏိုင္ခဲ့သူ



Charlos David လို႔ေခၚတဲ့ အထက္တန္းေက်ာင္းသားေလးတစ္ေယာက္ဟာ ျပင္းထန္တဲ့ဝက္ျခံေတြ မ်က္ႏွာမွာ အျပည့္ေပါက္ခဲ့သူ ျဖစ္ပါတယ္။ ဒီအရာေတြကိုတြန္းလွန္ဖုိ႔အတြက္ အသားအရည္ထိန္းသိမ္းနည္း အဆင့္ (၅)ဆင့္ကို သူကိုယ္တိုင္ ဖန္တီးခဲ့ပါတယ္။ အဲဒီ့နည္းလမး္အတိုင္း လိုက္နာျပီး (၈)လ အၾကာမွာေတာ့ သူ႔မ်က္ႏွာအသားအေရဟာ အရင္ကထက္ အမ်ားၾကီးေကာင္းလာတာကို ေတြ႔ရပါတယ္။

ပထမဆံုးအေနနဲ႕ သူ႔ရဲ႕မ်က္ႏွာကို pH ပမာဏ နညး္နည္းပဲပါတဲ့ ဆပ္ျပာနဲ႔သစ္ပါတယ္။ ညဖက္မွာေတာ့ ဝက္ျခံေပ်ာက္ကင္းေစတဲ့ အာနိသင္ပါဝင္တဲ့ မ်က္ႏွာသစ္ဆပ္ျပာကို အသံုးျပဳေပးပါတယ္။

ဒုတိယကေတာ့ သူဟာ alcohol-free တိုနာ အမ်ိဳးအစားကို အသံုးျပဳေပးပါတယ္။ ညဖက္ကိုေတာ့ ဝက္ျခံအမာရြတ္ေတြ ေပ်ာက္ကင္းေစဖုိ႔ Glycolic Acid Toner ကို အသံုးျပဳေပးပါတယ္။

တတိယအေနနဲ႔ကေတာ့ သူဟာ Serum ကုိ မနက္တိုင္း အသံုးျပဳေပးပါတယ္။













ေနာက္တစ္ဆင့္အေနနဲ႔သူဟာေရဓာတ္ျဖည့္ေပးတဲ့ Moisturizer ကို မနက္တိုင္း လိမ္းေပးပါတယ္။ ဒါဟာ အေရးၾကီးဆံုးျဖစ္တယ္လို႔သူက ဆိုပါတယ္။ ညဖက္မွာက်ေတာ့ Intensive repair လုပ္းေပးႏိုင္တဲ့ Lotion မ်ိဳးကို အသံုးျပဳေပးပါတယ္။
ေနာက္ဆံုးအေနနဲ႔ေတာ့ သူက sunscreen ကိုအျမဲလိမ္းေပးးတယ္လို႔ဆိုပါတယ္။

ဒီနည္းလမ္းေတြက သူ႔လိုပဲ ျပင္းထန္တဲ့ ဝက္ျခံမ်ိဳးရွိေနတဲ့သူေတြအတြက္ အေထာက္အကူျဖစ္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းဆိုခဲ့ပါတယ္။ သူအသံုးျပဳခဲ့တဲ့ ပစၥည္းေလးေတြဟာ တန္ဖိုးနညး္ျပီး အာနိသင္တူတဲ့ ပစၥည္းေလးေတြ အမ်ားၾကီးရႏိုင္တာေၾကာင့္ အားလံုးနဲ႔အဆင္ေျပမွာပါ။

SHARE FROM Em Em(Auntymay)

ဈေးသက်သာတဲ့ နည်းလမ်းလေးတွေနဲ့ ဝက်ခြံတွေကို တွန်းလှန်နိုင်ခဲ့သူ

Charlos David လို့ခေါ်တဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်ဟာ ပြင်းထန်တဲ့ဝက်ခြံတွေ မျက်နှာမှာ အပြည့်ပေါက်ခဲ့သူ ဖြစ်ပါတယ်။ ဒီအရာတွေကိုတွန်းလှန်ဖို့အတွက် အသားအရည်ထိန်းသိမ်းနည်း အဆင့် (၅)ဆင့်ကို သူကိုယ်တိုင် ဖန်တီးခဲ့ပါတယ်။ အဲဒီ့နည်းလမး်အတိုင်း လိုက်နာပြီး (၈)လ အကြာမှာတော့ သူ့မျက်နှာအသားအရေဟာ အရင်ကထက် အများကြီးကောင်းလာတာကို တွေ့ရပါတယ်။

ပထမဆုံးအနေနဲ့ သူ့ရဲ့မျက်နှာကို pH ပမာဏ နညး်နည်းပဲပါတဲ့ ဆပ်ပြာနဲ့သစ်ပါတယ်။ ညဖက်မှာတော့ ဝက်ခြံပျောက်ကင်းစေတဲ့ အာနိသင်ပါဝင်တဲ့ မျက်နှာသစ်ဆပ်ပြာကို အသုံးပြုပေးပါတယ်။

ဒုတိယကတော့ သူဟာ alcohol-free တိုနာ အမျိုးအစားကို အသုံးပြုပေးပါတယ်။ ညဖက်ကိုတော့ ဝက်ခြံအမာရွတ်တွေ ပျောက်ကင်းစေဖို့ Glycolic Acid Toner ကို အသုံးပြုပေးပါတယ်။

တတိယအနေနဲ့ကတော့ သူဟာ Serum ကို မနက်တိုင်း အသုံးပြုပေးပါတယ်။

နောက်တစ်ဆင့်အနေနဲ့သူဟာ ရေဓာတ်ဖြည့်ပေးတဲ့ Moisturizer ကို မနက်တိုင်း လိမ်းပေးပါတယ်။ ဒါဟာ အရေးကြီးဆုံးဖြစ်တယ်လို့သူက ဆိုပါတယ်။ ညဖက်မှာကျတော့ Intensive repair လုပ်းပေးနိုင်တဲ့ Lotion မျိုးကို အသုံးပြုပေးပါတယ်။
နောက်ဆုံးအနေနဲ့တော့ သူက sunscreen ကိုအမြဲလိမ်းပေးးတယ်လို့ဆိုပါတယ်။

ဒီနည်းလမ်းတွေက သူ့လိုပဲ ပြင်းထန်တဲ့ ဝက်ခြံမျိုးရှိနေတဲ့သူတွေအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ကြောင်းဆိုခဲ့ပါတယ်။ သူအသုံးပြုခဲ့တဲ့ ပစ္စည်းလေးတွေဟာ တန်ဖိုးနညး်ပြီး အာနိသင်တူတဲ့ ပစ္စည်းလေးတွေ အများကြီးရနိုင်တာကြောင့် အားလုံးနဲ့အဆင်ပြေမှာပါ။

SHARE FROM Em Em(Auntymay)
ေစ်းသက္သာတဲ့ နည္းလမ္းေလးေတြနဲ႔ ဝက္ျခံေတြကို တြန္းလွန္ႏိုင္ခဲ့သူ ေစ်းသက္သာတဲ့ နည္းလမ္းေလးေတြနဲ႔ ဝက္ျခံေတြကို တြန္းလွန္ႏိုင္ခဲ့သူ Reviewed by Unknown on February 09, 2018 Rating: 5

No comments:

Powered by Blogger.