ပုဂံၿမိဳ႕သူ ဆိုတဲ့ဇာတ္လမ္းတြဲေလးကို ပုံေဖာ္ေနတဲ့ သူမတို႔အဖြဲ႕



ပုဂံၿမိဳ႕သူဆိုတဲ့ ဇာတ္လမ္းတြဲေလးက မၾကာခင္မွာ ပရိသတ္ေရွ႕ကိုေရာက္ရွိ လာေတာ့ မွာပဲပါ။ ဒီဇာတ္လမ္းတြဲေလးကိုေတာ့ ေက်ာ္သူ၊ ေမျမင့္မိုရ္၊ ထူးေအာင္အတူ ေဒါင္းဆိုတဲ့ မင္းသားေခ်ာေလးတို႔က တက္ညီလက္ညီ ပုံေဖာ္ရိုက္ကူးေနတာပဲ ျဖစ္ပါတယ္။ ရႈတင္ ခဏနားတုန္းေလးမွာ ဒီလိုပုံကေလးေတြရိုက္ၿပီး ပရိသတ္ႀကီးဆီ ျပန္လည္မွ်ေဝ လာပါတယ္။

“ ပန္းႏုေသြး” ဆိုတဲ့ဇာတ္လမ္းတြဲေလးကေန သ႐ုပ္ေဆာင္ေလာကထဲ ဝင္ေရာက္လာတဲ့ ေမက အခုဆိုရင္ေတာ့ ႐ုပ္ရွင္ဇာတ္ကားႀကီးမ်ားနဲ႕ ဇာတ္လမ္းတြဲမ်ားမွာ ရိုက္ကူးကာ ေအာင္ျမင္ေနတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ေနပါၿပီ။

ေႂကြေလာက္တဲ့အၿပဳံးေလးေတြကို ေႁခြခ်တက္သလို အၿပဳံးမ်က္ဝန္းပိုင္ရွင္ေလးမို႔ Follwer အမ်ားဆုံးရရွိထားတဲ့ မင္းသမီးေခ်ာေခ်ာေလးေတြထဲမွာ သူမလဲပါဝင္လို႔ေနတာပါ။

ပရိသတ္ႀကီးစိတ္ဝင္စားေနတဲ့ အခ်စ္ေရးကေတာ့ လတ္တေလာမွာ တစ္ေယာက္တည္းပါပဲတဲ့။













အခ်စ္ေရးအတြက္ ႐ုပ္ေခ်ာဖို႔မလိုပါဘူး အေနေအးကာ တည္ၿငိမ္တဲ့သူကိုသာ ေ႐ြးခ်ယ္ပါမွာလို႔ အင္တာဗ်ဴးတစ္ခုမွာေျပာထားတဲ့ ေမေလးရဲ႕ခ်စ္သူက လက္ရွိမွာ ပရိသတ္ေတြပဲ ျဖစ္ေနဆဲပါေနာ္ ။

Source – May Myint Mo FB

ပုဂံမြို့သူ ဆိုတဲ့ဇာတ်လမ်းတွဲလေးကို ပုံဖော်နေတဲ့ သူမတို့အဖွဲ့

ပုဂံမြို့သူဆိုတဲ့ ဇာတ်လမ်းတွဲလေးက မကြာခင်မှာ ပရိသတ်ရှေ့ကိုရောက်ရှိ လာတော့ မှာပဲပါ။ ဒီဇာတ်လမ်းတွဲလေးကိုတော့ ကျော်သူ၊ မေမြင့်မိုရ်၊ ထူးအောင်အတူ ဒေါင်းဆိုတဲ့ မင်းသားချောလေးတို့က တက်ညီလက်ညီ ပုံဖော်ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ရှုတင် ခဏနားတုန်းလေးမှာ ဒီလိုပုံကလေးတွေရိုက်ပြီး ပရိသတ်ကြီးဆီ ပြန်လည်မျှဝေ လာပါတယ်။

“ ပန်းနုသွေး” ဆိုတဲ့ဇာတ်လမ်းတွဲလေးကနေ သရုပ်ဆောင်လောကထဲ ဝင်ရောက်လာတဲ့ မေက အခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးများနဲ့ ဇာတ်လမ်းတွဲများမှာ ရိုက်ကူးကာ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်နေပါပြီ။

ကြွေလောက်တဲ့အပြုံးလေးတွေကို ခြွေချတက်သလို အပြုံးမျက်ဝန်းပိုင်ရှင်လေးမို့ Follwer အများဆုံးရရှိထားတဲ့ မင်းသမီးချောချောလေးတွေထဲမှာ သူမလဲပါဝင်လို့နေတာပါ။

ပရိသတ်ကြီးစိတ်ဝင်စားနေတဲ့ အချစ်ရေးကတော့ လတ်တလောမှာ တစ်ယောက်တည်းပါပဲတဲ့။

အချစ်ရေးအတွက် ရုပ်ချောဖို့မလိုပါဘူး အနေအေးကာ တည်ငြိမ်တဲ့သူကိုသာ ရွေးချယ်ပါမှာလို့ အင်တာဗျူးတစ်ခုမှာပြောထားတဲ့ မေလေးရဲ့ချစ်သူက လက်ရှိမှာ ပရိသတ်တွေပဲ ဖြစ်နေဆဲပါနော် ။

Source – May Myint Mo FB
ပုဂံၿမိဳ႕သူ ဆိုတဲ့ဇာတ္လမ္းတြဲေလးကို ပုံေဖာ္ေနတဲ့ သူမတို႔အဖြဲ႕ ပုဂံၿမိဳ႕သူ ဆိုတဲ့ဇာတ္လမ္းတြဲေလးကို ပုံေဖာ္ေနတဲ့ သူမတို႔အဖြဲ႕ Reviewed by Unknown on February 09, 2018 Rating: 5

No comments:

Powered by Blogger.