Kevin ကို ၁၉၆၀ စက္တင္ဘာလ ၁၃ရက္ေန႔ ေတာင္အာဖရိက Johannesburg မွာ ေမြးဖြားခဲ့ပါတယ္။ ငယ္စဥ္ထဲကလုယက္မူေတြ မူးယစ္ဆိုးကိ်ဳးေတြကိုျမင္ခဲ့ရာက Kevin ဟာ ရဲသားတစ္ဦးျဖစ္ခ်င္ခဲ့သူပါ။ မိသားစုဟာေဆးဆိုင္တခုကိုပိုင္ဆိုင္ျပီး Kevinဟာလည္းအထက္တန္းေက်ာင္းျပီးခ်ိန္ ေရွးဦးသူနာျပဳသင္တန္းနဲ ့ေဆးပို႔ရတဲ့သူအျဖစ္ စစ္တပ္ေတြကိုအဝင္အထြက္ရွိခဲ့ပါတယ္။
ေကာလိပ္ေက်ာင္းသားဘဝမွာပဲ စစ္တပ္ထဲဝင္ဖို ့ဆံုးျဖတ္ခဲ့ေပမယ့္ Kevin ဟာမေအာင္ျမင္ခဲ့ပါဘူး။ ဒါေၾကာင့္ပဲ ဂ်ာနယ္လစ္တစ္ဦးဘဝကို ေရာက္ရွိခဲ့ပါတယ္။ အလြတ္တန္းဓာတ္ပံုဆရာတစ္ဦးအျဖစ္လည္းလုပ္ကိုင္ရင္း သူ့အသက္၂၄ႏွစ္မွာ Johannesburg Starမွာအလုပ္ရခဲ့ျပီး ဂ်ာနယ္လစ္ ဓာတ္ပံုဆရာ အျဖစ္အလုပ္ဝင္ခဲ့ပါတယ္။
ဒီလိုနဲ ့ဘဝကို ဂ်ာနယ္လစ္တစ္ဦးအျဖစ္နဲ႔ လုပ္ကိုင္ရင္း ႏိုင္ငံေပါင္းမ်ားစြာကိုေရာက္ရွိခဲ့ပါတယ္။ အေရွ့အလယ္ပိုင္းစစ္ပြဲေတြ အေမရိကပဋိပကၡေတြ နဲ ့နိုင္ငံတကာသတင္းဌာနမ်ားစြာကို သတင္းေတြေရာင္းခဲ့ျပီး သူရိုက္ခဲ့မွတ္တမ္းယူခဲ့တဲ့ဓာတ္ပံုေတြဟာ စစ္ပြဲေတြၾကား အႏၱရာယ္ေတြၾကားကအမ်ားဆံုးရိုက္ခဲ့တာျဖစ္ပါတယ္။
ဒီလိုျဖတ္သန္းလာရင္း ဆူဒန္နိုင္ငံ အစာေရစာ ရွားပါးမူကို သတင္းယူဖို ့၁၉၉၃ Kevin တို႔ အဖြဲ႔ဟာေရာက္ရွိခဲ့ၾကပါတယ္။ NGO အဖြဲ႔တစ္ခုနဲ့အတူ လာေရာက္ခဲ့တဲ့ Kevin ဟာထိုအခ်ိန္မွာ အစာေပးေဝတဲ့ေနရာကို အားမရွိလို႔ ေလးဖက္ေထာက္ လာေနခဲ့တဲ့ကေလးတစ္ဦးကို မွတ္တမ္းတင္ဓာတ္ပံုရိုက္ယူခဲ့ပါတယ္။
ဒီကေလးပံုကိုရိုက္ဖို ့၁၀မီတာ အကြာကရိုက္ကူးခဲ့တာျဖစ္ျပီး ကေလးနဲ့ အတူ လင္းတ တစ္ေကာင္ပါ ထိုပံုထဲပါခဲ့ပါတယ္။ ပံုရိုက္ကူးယူျပီးေနာက္ လင္းတကိုေမာင္းထုတ္ျပီး Kevinတို့ဟာျပန္ခဲ့ၾကပါတယ္။
ဒီပံုကို Kevin ဟာ The New York Timesကိုေရာင္းခ်ခဲ့ျပီး ၁၉၉၃ မတ္လ ၂၆ရက္ေန့ထုတ္မွာပါဝင္လာခဲ့ပါတယ္။ ထုတ္ေဝျပီး၂၄နာရီအတြင္း “ဒီကေလးကိုကယ္နိုင္ခဲ့လား ”
“ကေလးကိုေဆးရံုပို႔ႏုိင္ခဲ့လား”
“ကေလးအသက္ရွင္ခဲ့လား”
“ဒီကေလးကိုဘယ္လိုကူညီခဲ့လဲ”
ဆိုတဲ့ေမးခြန္းေတြကိုသတင္းဌာနအား ဖုန္းcallေပါင္း ၆၀၀၀ေက်ာ္ ဝင္လာခဲ့ပါတယ္။ ဒါေပမယ့္ ဆူဒန္ Ayod က ဒီကေလးေသလား ရွင္လား လင္းတစားသြားလားဆိုတာေတာ့ Kevin ကိုယ္တိုင္မသိခဲ့ပါဘူး။ Kevinဟာဓာတ္ပံု သာရိုက္ခဲ့ျပီး ကေလးကိုဒီတိုင္းထားခဲ့တာပါပဲ။
ဒီပံုဟာ ၁၉၉၄ ဧျပီလ ၂၁ရက္ေန့ကကမၻာ့ အေကာင္းဆံုးဓာတ္ပံုေတြကိုစီစစ္ဆုေပးတဲ့ Pulitzer Prizeဆုကိုရရွိခဲ့ပါတယ္။ ဒါေပမယ့္သူမေပ်ာ္ခဲ့ရပါဘူး။ ဒီဓာတ္ပံုေၾကာင့္ Kevinကို ေဝဖန္မူေတြ အျပစ္တင္မူေတြကို ခံခဲ့ရပါတယ္။
Kevin ရိုက္ခဲ့တဲ့ဓာတ္ပံုဟာ ကမၻာ့လူထုကိုအေတြးအျမင္ စာနာဖို ့လူသားခ်င္းကူညီဖို ့အစာေရစာရွားေပးေနတဲ့ အငတ္ေဘးႀကဳံေနရတဲ့လူသားေတြကို ျပသထားခဲ့ေပမယ့္ အစာေရစာငတ္လို ့ဒုကၡေရာက္ေနတဲ့ကေလးငယ္တစ္ဦးနဲ့ေသမွာကို စားျပီးစားဖို ့ေစာင့္ေနတဲ့ လင္းတတို့ရဲ့ပံုကို ရိုက္ကူးခဲ့တဲ့ ဓာတ္ပံုဆရာရဲ့လ်စ္လ်ဴရွဳမူကိုပါျပသ ထားခဲ့ပါတယ္။
ဒီျမင္ကြင္း ဒီဓာတ္ပံုေျကာင့္ပဲKevinဟာ ကေလးကိုလ်စ္လ်ဴရွခဲ့မူအေပၚေနာင္တရခဲ့ျပီး စိတ္ကေယာင္ေျခာက္ျခားေတြ ညတိုင္းျဖစ္ခဲ့ရပါတယ္။ ေနာက္ဆံုးမွာေတာ့ ဆုရျပီးမၾကာပါဘူး။ Kevinဟာ ဒီေနာင္တေၾကာင့္ပဲ ၁၉၉၄ ဇူလိုင္လ ၂၇ရက္ေန့မွာကိုယ့္ကိုယ္ကိုယ္သတ္ေသသြားခဲ့ပါတယ္။
သူရိုက္ခဲ့တဲ့ဓာတ္ပံုေၾကာင့္ပဲ ႏုိင္ငံတကာက လူ့အခြင့္အေရးအဖြဲ႔အစည္းနဲ့ ပရဟိတအဖြဲ႔မ်ားစြာဟာ အစာေရစာေထာက္ပံ့မူေတြမ်ားစြာလုပ္ဖို ့အာဖရိကကိုေရာက္ရွိခဲ့ၾကသလို ဒီဓာတ္ပံုဟာသမိုင္းဝင္ဓာတ္ပံုတပံုျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္Kevin ကေတာ့သတ္ေသသြားခဲ့ရပါတယ္။
Kevinဟာဆုရျပီးသတ္မေသခင္၃လအတြင္း စိတ္ေရာဂါေဝဒနာပါခံစားခဲ့ရတဲ့အထိ pressure ေတြမ်ားခဲ့သလို carbon monoxide အဆိပ္နဲ ့သတ္ေသသြားခဲ့တာပဲျဖစ္ပါတယ္။သူေသသြားခဲ့ခ်ိန္မွာ အသက္ ၃၃ႏွစ္သာရွိေသးျပီး ဒီဓာတ္ပံုကရတဲ့ စိတ္ဒဏ္ရာေၾကာင့္ သူေနာက္ဆံုးေရးသြားတဲ့ ေသတမ္းစာဟာလည္း သူခံစားခဲ့ရမူကိုခ်ျပသြား ခဲ့ပါတယ္။
ဒီစာအုပ္ထဲ Kevin Carterကိုဘာေၾကာင့္ထည့္ျဖစ္ခဲ့ရသလဲဆိုေတာ့ လူတခ်ဳိ႕ဟာ ကိုယ္လိုခ်င္တာ ကိုယ္လုပ္ခ်င္တာလုပ္ဖို႔အတြက္ တခ်ဳိ႕အရာေတြ တကယ္လိုအပ္တဲ့အရာေတြ တကယ္ထိခိုက္မယ့္အရာေတြ ကိုယ္လုပ္လို႔ရမွာထက္ ပိုလ်စ္လ်ဴရွဳလိုက္လို ့ျပန္ရမယ့္အမွားေတြကိုေမ့ေလ်ာ့တတ္ျကပါတယ္။
ဒါကမိမိကိုယ္ကို အၾကီးအက်ယ္ေနာင္တရေစမယ့္အရာေတြဆိုတာေနာင္မွဆင္ျခင္တတ္ၾကတယ္။ ဒါေၾကာင့္ဘယ္အလုပ္ကိုမဆို မလုပ္ခင္ဘယ္သူေတြကို ထိခိုက္ႏုိင္မလဲဆိုတာကိုေသခ်ာသံုးသပ္သင့္ပါတယ္။
ဓာတ္ပံုေလးတပံုကဘာမွမျကီးက်ယ္ဘူးမထင္ပါနဲ ့ဓာတ္ပံုတပံုေၾကာင့္Kevin ဟာေနာင္တမ်ားစြာနဲ့ သတ္ေသခဲ့ရျပီး ေနာင္လာေနာင္သား သတင္းသမားေတြ အတြက္ သံေဝဂရစရာ အသိတရားမ်ားစြာကိုေထာက္ျပသြားခဲ့သူပါ။ Kevin အေၾကာင္းကို ရုပ္ရွင္အေနနဲ့ေရာသီခ်င္းေတြ အေနနဲ့ပါ ေနာက္ပိုင္းခ်ျပခဲ့ၾကေပမယ့္ သူကေတာ့ေနာင္တမ်ားစြာ နဲ႔ ေလာကႀကီးထဲကထြက္သြားခဲ့ရသူပါ။
မူရင္းေရးသားသူ – Htet Wa Na
ကမ္ဘာကျော်သွားတဲ့ ဓာတ်ပုံတွေ ရိုက်ခဲ့မိလို့ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သူ
Kevin ကို ၁၉၆၀ စက်တင်ဘာလ ၁၃ရက်နေ့ တောင်အာဖရိက Johannesburg မှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ထဲကလုယက်မူတွေ မူးယစ်ဆိုးကိျုးတွေကိုမြင်ခဲ့ရာက Kevin ဟာ ရဲသားတစ်ဦးဖြစ်ချင်ခဲ့သူပါ။ မိသားစုဟာဆေးဆိုင်တခုကိုပိုင်ဆိုင်ပြီး Kevinဟာလည်းအထက်တန်းကျောင်းပြီးချိန် ရှေးဦးသူနာပြုသင်တန်းနဲ ့ဆေးပို့ရတဲ့သူအဖြစ် စစ်တပ်တွေကိုအဝင်အထွက်ရှိခဲ့ပါတယ်။
ကောလိပ်ကျောင်းသားဘဝမှာပဲ စစ်တပ်ထဲဝင်ဖို ့ဆုံးဖြတ်ခဲ့ပေမယ့် Kevin ဟာမအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ ဂျာနယ်လစ်တစ်ဦးဘဝကို ရောက်ရှိခဲ့ပါတယ်။ အလွတ်တန်းဓာတ်ပုံဆရာတစ်ဦးအဖြစ်လည်းလုပ်ကိုင်ရင်း သူ့အသက်၂၄နှစ်မှာ Johannesburg Starမှာအလုပ်ရခဲ့ပြီး ဂျာနယ်လစ် ဓာတ်ပုံဆရာ အဖြစ်အလုပ်ဝင်ခဲ့ပါတယ်။
ဒီလိုနဲ ့ဘဝကို ဂျာနယ်လစ်တစ်ဦးအဖြစ်နဲ့ လုပ်ကိုင်ရင်း နိုင်ငံပေါင်းများစွာကိုရောက်ရှိခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းစစ်ပွဲတွေ အမေရိကပဋိပက္ခတွေ နဲ ့နိုင်ငံတကာသတင်းဌာနများစွာကို သတင်းတွေရောင်းခဲ့ပြီး သူရိုက်ခဲ့မှတ်တမ်းယူခဲ့တဲ့ဓာတ်ပုံတွေဟာ စစ်ပွဲတွေကြား အန္တရာယ်တွေကြားကအများဆုံးရိုက်ခဲ့တာဖြစ်ပါတယ်။
ဒီလိုဖြတ်သန်းလာရင်း ဆူဒန်နိုင်ငံ အစာရေစာ ရှားပါးမူကို သတင်းယူဖို ့၁၉၉၃ Kevin တို့ အဖွဲ့ဟာရောက်ရှိခဲ့ကြပါတယ်။ NGO အဖွဲ့တစ်ခုနဲ့အတူ လာရောက်ခဲ့တဲ့ Kevin ဟာထိုအချိန်မှာ အစာပေးဝေတဲ့နေရာကို အားမရှိလို့ လေးဖက်ထောက် လာနေခဲ့တဲ့ကလေးတစ်ဦးကို မှတ်တမ်းတင်ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။
ဒီကလေးပုံကိုရိုက်ဖို ့၁၀မီတာ အကွာကရိုက်ကူးခဲ့တာဖြစ်ပြီး ကလေးနဲ့ အတူ လင်းတ တစ်ကောင်ပါ ထိုပုံထဲပါခဲ့ပါတယ်။ ပုံရိုက်ကူးယူပြီးနောက် လင်းတကိုမောင်းထုတ်ပြီး Kevinတို့ဟာပြန်ခဲ့ကြပါတယ်။
ဒီပုံကို Kevin ဟာ The New York Timesကိုရောင်းချခဲ့ပြီး ၁၉၉၃ မတ်လ ၂၆ရက်နေ့ထုတ်မှာပါဝင်လာခဲ့ပါတယ်။ ထုတ်ဝေပြီး၂၄နာရီအတွင်း “ဒီကလေးကိုကယ်နိုင်ခဲ့လား ”
“ကလေးကိုဆေးရုံပို့နိုင်ခဲ့လား”
“ကလေးအသက်ရှင်ခဲ့လား”
“ဒီကလေးကိုဘယ်လိုကူညီခဲ့လဲ”
ဆိုတဲ့မေးခွန်းတွေကိုသတင်းဌာနအား ဖုန်းcallပေါင်း ၆၀၀၀ကျော် ဝင်လာခဲ့ပါတယ်။ ဒါပေမယ့် ဆူဒန် Ayod က ဒီကလေးသေလား ရှင်လား လင်းတစားသွားလားဆိုတာတော့ Kevin ကိုယ်တိုင်မသိခဲ့ပါဘူး။ Kevinဟာဓာတ်ပုံ သာရိုက်ခဲ့ပြီး ကလေးကိုဒီတိုင်းထားခဲ့တာပါပဲ။
ဒီပုံဟာ ၁၉၉၄ ဧပြီလ ၂၁ရက်နေ့ကကမ်ဘာ့ အကောင်းဆုံးဓာတ်ပုံတွေကိုစီစစ်ဆုပေးတဲ့ Pulitzer Prizeဆုကိုရရှိခဲ့ပါတယ်။ ဒါပေမယ့်သူမပျော်ခဲ့ရပါဘူး။ ဒီဓာတ်ပုံကြောင့် Kevinကို ဝေဖန်မူတွေ အပြစ်တင်မူတွေကို ခံခဲ့ရပါတယ်။
Kevin ရိုက်ခဲ့တဲ့ဓာတ်ပုံဟာ ကမ်ဘာ့လူထုကိုအတွေးအမြင် စာနာဖို ့လူသားချင်းကူညီဖို ့အစာရေစာရှားပေးနေတဲ့ အငတ်ဘေးကြုံနေရတဲ့လူသားတွေကို ပြသထားခဲ့ပေမယ့် အစာရေစာငတ်လို ့ဒုက္ခရောက်နေတဲ့ကလေးငယ်တစ်ဦးနဲ့သေမှာကို စားပြီးစားဖို ့စောင့်နေတဲ့ လင်းတတို့ရဲ့ပုံကို ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဆရာရဲ့လျစ်လျူရှုမူကိုပါပြသ ထားခဲ့ပါတယ်။
ဒီမြင်ကွင်း ဒီဓာတ်ပုံကြောင့်ပဲKevinဟာ ကလေးကိုလျစ်လျူရှခဲ့မူအပေါ်နောင်တရခဲ့ပြီး စိတ်ကယောင်ခြောက်ခြားတွေ ညတိုင်းဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဆုရပြီးမကြာပါဘူး။ Kevinဟာ ဒီနောင်တကြောင့်ပဲ ၁၉၉၄ ဇူလိုင်လ ၂၇ရက်နေ့မှာကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ပါတယ်။
သူရိုက်ခဲ့တဲ့ဓာတ်ပုံကြောင့်ပဲ နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့အစည်းနဲ့ ပရဟိတအဖွဲ့များစွာဟာ အစာရေစာထောက်ပံ့မူတွေများစွာလုပ်ဖို ့အာဖရိကကိုရောက်ရှိခဲ့ကြသလို ဒီဓာတ်ပုံဟာသမိုင်းဝင်ဓာတ်ပုံတပုံဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်Kevin ကတော့သတ်သေသွားခဲ့ရပါတယ်။
Kevinဟာဆုရပြီးသတ်မသေခင်၃လအတွင်း စိတ်ရောဂါဝေဒနာပါခံစားခဲ့ရတဲ့အထိ pressure တွေများခဲ့သလို carbon monoxide အဆိပ်နဲ ့သတ်သေသွားခဲ့တာပဲဖြစ်ပါတယ်။သူသေသွားခဲ့ချိန်မှာ အသက် ၃၃နှစ်သာရှိသေးပြီး ဒီဓာတ်ပုံကရတဲ့ စိတ်ဒဏ်ရာကြောင့် သူနောက်ဆုံးရေးသွားတဲ့ သေတမ်းစာဟာလည်း သူခံစားခဲ့ရမူကိုချပြသွား ခဲ့ပါတယ်။
ဒီစာအုပ်ထဲ Kevin Carterကိုဘာကြောင့်ထည့်ဖြစ်ခဲ့ရသလဲဆိုတော့ လူတချို့ဟာ ကိုယ်လိုချင်တာ ကိုယ်လုပ်ချင်တာလုပ်ဖို့အတွက် တချို့အရာတွေ တကယ်လိုအပ်တဲ့အရာတွေ တကယ်ထိခိုက်မယ့်အရာတွေ ကိုယ်လုပ်လို့ရမှာထက် ပိုလျစ်လျူရှုလိုက်လို ့ပြန်ရမယ့်အမှားတွေကိုမေ့လျော့တတ်ကြပါတယ်။
ဒါကမိမိကိုယ်ကို အကြီးအကျယ်နောင်တရစေမယ့်အရာတွေဆိုတာနောင်မှဆင်ခြင်တတ်ကြတယ်။ ဒါကြောင့်ဘယ်အလုပ်ကိုမဆို မလုပ်ခင်ဘယ်သူတွေကို ထိခိုက်နိုင်မလဲဆိုတာကိုသေချာသုံးသပ်သင့်ပါတယ်။
ဓာတ်ပုံလေးတပုံကဘာမှမကြီးကျယ်ဘူးမထင်ပါနဲ ့ဓာတ်ပုံတပုံကြောင့်Kevin ဟာနောင်တများစွာနဲ့ သတ်သေခဲ့ရပြီး နောင်လာနောင်သား သတင်းသမားတွေ အတွက် သံဝေဂရစရာ အသိတရားများစွာကိုထောက်ပြသွားခဲ့သူပါ။ Kevin အကြောင်းကို ရုပ်ရှင်အနေနဲ့ရောသီချင်းတွေ အနေနဲ့ပါ နောက်ပိုင်းချပြခဲ့ကြပေမယ့် သူကတော့နောင်တများစွာ နဲ့ လောကကြီးထဲကထွက်သွားခဲ့ရသူပါ။
မူရင်းရေးသားသူ – Htet Wa Na
ကမာၻေက်ာ္သြားတဲ့ ဓာတ္ပုံေတြ ရုိက္ခဲ့မိလုိ႔ ကုိယ့္ကုိယ္ကုိ သတ္ေသသြားခဲ့သူ
Reviewed by Unknown
on
February 09, 2018
Rating:
No comments:
Post a Comment