









































Photoshop ဆရာတွေရဲ့ အလွဲကြောင့် တလွဲဖြစ်ခဲ့ရတဲ့ ဓာတ်ပုံများ

Photoshop ဆော့ဖ်ဝဲဟာ ပြီးပြည့်စုံတဲ့ ဓာတ်ပုံတစ်ပုံဖြစ်လာဖို့ ကိုယ့်စိတ်ကြိုက်အသုံးပြုနိုင်တဲ့ အသုံးဝင်ဆော့ဖ်ဝဲတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ရည်ရွယ်ချက်မကောင်းတဲ့ လူအချို့အတွက်တော့ ၎င်းဆော့ဖ်ဝဲဟာ လူတွေကို အမြင်မှား အထင်မှားဖြစ်စေတဲ့ ဓာတ်ပုံတွေကို ဖန်တီးရာမှာ အသုံးပြုကြပါတယ်။

အောက်ပါပုံတွေကတော့ ရည်ရွယ်ချက်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ Photoshop အစွမ်းနဲ့ တလွဲဖြစ်သွားရတဲ့ ပုံတွေပါပဲ။ ဒီပုံတွေကို ပြုပြင်ခဲ့တဲ့ လူတွေဟာ Photoshop ကို တကယ်ပဲ မကျွမ်းကျင်တာဖြစ်ပြီး ဓာတ်ပုံတွေလူရှေ့ကို ဘယ်လိုထွက်လာလဲဆိုတာတောင် မတွေးတတ်စရာပါ။ ဆိုးရွားလွန်းလို့ ရယ်စရာဖြစ်သွားတဲ့အတွက် တစ်မျိုးတော့ကောင်းပါတယ်။

ဝိညာဉ်တွေ ခွေးလေးကို ချီထားတာနဲ့ တူသွားခဲ့ပါတယ်။

ဒီမိန်းကလေးရဲ့ ခြေထောက်က အကြောပျော့လွန်းနေတာလား။

တစ်ခါတုန်းက American Apparel မဂ္ဂဇင်းရဲ့ ဓာတ်ပုံတစ်ပုံမှာ မြင်းရဲ့ ခန္ဓာကိုယ်ကို ဒီလိုဖြတ်ပစ်ခဲ့ဖူးပါတယ်။

ဆံပင်က ပါးလွန်းနေတာလား၊ မျက်ခုံးက ထင်းလွန်းနေတာလား။

ဂစ်တာတီးပုံက ထူးဆန်းလိုက်တာနော်။

Photoshop ဆရာက ဒီပုံထဲမှာ ကလေးများများ ထပ်ထည့်ချင်ခဲ့ပုံပါပဲ။

Photoshop အစွမ်းကြောင့် ဒီအမျိုးသမီးကို ကြည့်ရတာ ကြက်သီးထစရာ ကောင်းလှပါတယ်

ဒီပုံထဲမှာရော ဘယ်နေရာက မှားနေလဲဆိုတာ တွေ့ရလား။

ဒီအစ်ကိုကြီးရဲ့ ခန္ဓာကိုယ်မှာ တစ်ခုခုလိုနေသလိုပဲနော်။

လက်တွေ လက်တွေ … နေရာတိုင်းမှာ လက်တွေ …

ပုံထဲက ကောင်လေးရဲ့လက်ကတော့ ပျောက်ချင်းမလှ ပျောက်သွားပါတယ်။

ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းတို့ မညီတဲ့ဘဝရောက်သွားရှာတဲ့ မော်ဒယ်လေး

SHARE FROM White (Shwemom)
Photoshop ဆရာတွေရဲ့ အလွဲကြောင့် တလွဲဖြစ်ခဲ့ရတဲ့ ဓာတ်ပုံများ Photoshop ဆရာတွေရဲ့ အလွဲကြောင့် တလွဲဖြစ်ခဲ့ရတဲ့ ဓာတ်ပုံများ


Reviewed by Unknown on February 09, 2018 Rating: 5

No comments:

Powered by Blogger.