ပြဲေတာ္ဆုိတာ ကိုးကြယ္ယုံၾကည္မႈ၊ ရာသီဥတုေရေျမ၊ မိ႐ုိးဖလာထုံးတမ္းေတြရဲ႕ အေငြ႕အသက္ေတြကို အေျခခံၾကေလ့ရွိပါတယ္။ ဒါေၾကာင့္ ေဒသတစ္ခုနဲ႔တစ္ခု တစ္ေက်ာင္းတစ္ဂါထာ၊ တစ္ရြာတစ္ပုဒ္ဆန္း ျဖစ္လုိ႔ ပြဲေတာ္တစ္ခုနဲ႔တစ္ခု က်င္းပပုံခ်င္း မတူညီၾကပါဘူး။ ေအာက္မွာေဖာ္ျပထားတာေတြကေတာ့ သူတုိ႔ထုံးစံေတြနဲ႔ သူတုိ႔ဘာသာဓေလ့အရ က်င္းပေနၾကတဲ့ ထူးဆန္းတဲ့ ပြဲေတာ္ေတြျဖစ္ပါတယ္။
(၁) ဆိတ္ပစ္ပြဲေတာ္
စပိန္ႏုိင္ငံရဲ႕ ၿမိဳ႕ငယ္ေလးတစ္ခုျဖစ္တဲ့ Manganeses de la Polvorosa မွာ ထူးျခားတဲ့ ဆိတ္ပစ္ပြဲေတာ္ ရွိပါတယ္။ ဇန္နဝါရီလ စတုတၳအပတ္ရဲ႕ တနဂၤေႏြေန႔မွာ ႏွစ္စဥ္က်င္းပေလ့ရွိၿပီး ဆိတ္တစ္ေကာင္ကုိ ႀကိဳးခ်ည္က ေတာင္ေၾကာေပၚကေန ေအာက္ကို လႊင့္ပစ္တာပါ။ ဒါေပမယ့္ ေအာက္မွာ လူအုပ္က ဆိတ္ကို ေစာင့္ဆုိင္းၿပီး ဖမ္းၾကပါတယ္။ ဖမ္းမိတယ္ဆုိပါက ရာသီဥတု လုပ္ငန္းကိုင္ငန္းေတြ ေကာင္းၿပီး၊ မဖမ္းမိဘူးဆုိရင္ေတာ့ စီးပြားေရးၾကပ္တည္းမယ္လုိ႔ ဆုိပါတယ္။
(၂) ကုိနာကီဆူမုိ
ဂ်ပန္ႏုိင္ငံမွာ ဧၿပီလအတြင္းမွာ က်င္းပေလ့ရွိတဲ့ ကိုနာကီဆူမုိပြဲကလည္း ထူးဆန္ပါတယ္။ ဆူမုိနပန္းသမား ႏွစ္ဦးဟာ မ်က္ႏွာခ်င္းဆုိင္ၾကည့္ၿပီး လက္ထဲမွာလည္း ကေလးတစ္ေယာက္ဆီ ခ်ီထားရပါတယ္။ တစ္ဖက္နဲ႔တစ္ဖက္ ကေလးေတြကိုငုိေအာင္ စေနာက္ရၿပီး၊ ကေလးမငုိတဲ့ ဆူမုိႏုိသမားက အႏုိင္ျဖစ္ပါတယ္။
(၃) ငန္းတြဲေလာင္းခုိပြဲေတာ္
တိရစာၦန္ညႇင္းပန္းႏွိက္စက္မႈ ကာကြယ္ေရးသမားေတြ အျပင္းအထန္း ကန္႔ကြက္ေနတဲ့ၾကားက လက္ရွိအခ်ိန္ထိ က်င္းပဆဲျဖစ္တဲ့ ငန္းတြဲေလာင္းခုိပြဲေတာ္ကေတာ့ ေဟာ္လန္နဲ႔ ဂ်ာမဏီမွာရွိတဲ့ ၿမိဳ႕ငယ္ေလးေတြမွာ က်င္းပၾကေလ့ရွိပါတယ္။ အဆုိပါပြဲေတာ္ကေတာ့ ၿပိဳင္ပြဲဝင္သူတစ္ဦးဟာ ႀကိဳးတန္းေပၚမွာခ်ည္ေႏွာင္ထားတဲ့ ငန္းရဲ႕ဦးေခါင္းကို ပ်က္သည္အထိ တြဲေလာင္းခုိျပရပါတယ္။ အလြန္ရက္စက္တဲ့ ပြဲေတာ္ေတြထဲက တစ္ခုျဖစ္ပါတယ္။
(၄) တူနာငါးပစ္ၿပိဳင္ပြဲ
ၾသစေတးလ်ႏုိင္ငံမွာ တူနာငါးထုတ္လုပ္မႈ ျမင့္တင္တဲ့အေနနဲ႔ ႏွစ္စဥ္တုိင္း က်င္းပေလ့ရွိတဲ့ ပြဲေတာ္ပါ။ အုိလံပစ္ပြဲေတာ္ေတြမွာလုိ သံလုံးပစ္ၿပိဳင္ပြဲမ်ိဳးနဲ႔ ဆင္တူၿပီး၊ ၾသစေတးလ်မွာေတာ့ သံလုံးအစာ တူနာငါးကို အသုံးျပဳၿပီး ပစ္ၾကပါတယ္။
(၅) ေသလုေမ်ာပါး ပြဲေတာ္
စပိန္ႏုိင္ငံ၊ ေပၚတူဂီနယ္စပ္က Las Nieves မွာက်င္းပတဲ့ ေသလုေမ်ာပါးပြဲေတာ္ကုိ သူတုိ႔ဘာသာနဲ႔ေတာ့ Fiesta de Santa Marta de Ribarteme လုိ႔ ေခၚၾကပါတယ္။ ကံေကာင္းတဲ့သူေတြဟာ အေခါင္းထဲမွာ အိပ္လုိက္ခြင့္ ရရွိၿပီး၊ ၿမိဳ႕ထဲမွာ လွည့္လည္ကာ Virgin Santa Marta ကို ပူေဇာ္ၾကတဲ့ပြဲပါ။ ေဆြးမ်ိဳးေတြက အေခါင္းထဲမွာ သူတုိ႔ခ်စ္ရတဲ့သူေတြကို ထည့္ၿပီး သယ္ေဆာင္ကာ ကံေကာင္းျခင္းေတြ ရရွိလာမယ္လုိ႔ ယူဆၾကပါတယ္။
(၆) ဒိုးျပားလွိမ့္ပြဲေတာ္
အဂၤလန္ႏုိင္ငံ ဂေလာက္စက္စတာမွာ က်င္းပေလ့ရွိတဲ့ ဒုိးျပားလွိမ့္ပြဲေတာ္ကေတာ့ စင္းႏွီးတုံးအရြယ္ ဒုိးျပားတစ္ခုကို ေတာင္ေပၚကေန ဆင္ေျခေလ်ာအတုိင္း ပစ္ခ်လုိက္စဥ္ လူေတြက အဲဒီဒုိးျပားကုိ လိုက္လုၿပီး ဖမ္းယူရတဲ့ ပြဲေတာ္ျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ေတာ့ က်ိဳးပဲဒဏ္ရာ ရတတ္လြန္းလုိ႔ ေဆးအဖြဲ႕ေတြ၊ ေဒါက္တာေတြ တစ္ခါတည္း ေခၚထားရပါတယ္။
(၇) အာဂြန္ဂူ ငါးဖမ္းပြဲေတာ္
ႏုိင္ဂ်ီးရီးယားႏုိင္ငံ၊ အာဂြန္ဂူအမည္ရ ၿမိဳ႕ငယ္ေလးမွာ ႏွစ္စဥ္က်င္းပေလ့ရွိတာကေတာ့ ငါးဖမ္းပြဲေတာ္ပါ။ အဆုိပါ ငါးဖမ္းပြဲေတာ္မွာ ငါးအႀကီးဆုံးဖမ္းႏုိင္သူက အႏုိင္ရရွိပါတယ္။ ဒါေပမယ့္ စည္းကမ္းခ်က္ကေတာ့ လက္နဲ႔ဖမ္းၿပီး ျပရတာ ျဖစ္ပါတယ္။ ပုိက္တုိ႔ဘာတုိ႔နဲ႔ ဖမ္းမိတာမ်ိဳး မျဖစ္ရပါဘူး။
(၈) Thaipusam
အိႏၵိယႏုိင္ငံနဲ႔ ဟိႏၵဴဘာသာဝင္ေတြ ႏွစ္စဥ္က်င္းပေလ့ရွိတဲ့ Thaipusam ပြဲေတာ္ကလည္း ၾကက္သီးထစရာပါ။ ဓားေတြ၊ လွံေတြ၊ ျမားေတြနဲ႔ အေရျပားေတြကုိ ဟုိဘက္သည္ဘက္ ထုိးေဖာက္ၿပီး ခံႏုိင္ရည္ကို ျပသရတဲ့ပြဲလုိ႔ ေျပာလုိ႔ရပါတယ္။ မေလးရွားနဲ႔ စကၤာပူႏုိင္ငံေတြမွာရွိတဲ့ အိႏၵဴေတြလည္း က်င္းပေလ့ရွိၾကပါတယ္။ ဒီလုိ မိမိကိုယ္ကိုယ္ ညွင္းပန္းျခင္းျဖင့္ မေကာင္းတဲ့ အကုသုိလ္ေတြ ကင္းစင္သြားၿပီလုိ႔ ယုံၾကည္ၾကပါတယ္။
(၉) ေတာင္ကုိရီးယား ရႊံ႕ပြဲေတာ္
ကုိရီးယားႏုိင္ငံ၊ ဆုိးလ္ၿမိဳ႕ရဲ႕ (၂၀၀)ကီလုိမီတာအကြာက Boryeong အမည္ရ ၿမိဳ႕ငယ္ေလးမွာ ႏွစ္စဥ္က်င္းပေလ့ရွိတဲ့ ရႊံ႕ပြဲေတာ္ကလည္း ခရီးသြားေပါင္း (၂)သန္းေက်ာ္ကို စြဲေဆာင္ႏုိင္ခဲ့တဲ့ ပြဲေတာ္တစ္ခုပါ။ ေဒသခံေတြျပင္ ခရီးသည္ေတြပါ ဝင္ေရာက္ဆင္ႏႊဲၾကလုိ႔ အလြန္စည္ကားပါတယ္။ အဆုိပါပြဲေတာ္မွာ ရႊံေရခ်ိဳးျခင္း၊ ရြံ႕ႏြံမ်ားျဖင့္ ပစ္ေပါက္ျခင္း၊ ရြံ႕မာဆက္ အစရွိတဲ့ အစီစဥ္ေတြ ပါဝင္ပါတယ္။
SHARE FROM နတ္စည္ေတာ္ (Shwemom)
မကြုံစဖူး ကမ္ဘာတစ်ဝှမ်းက အထူးဆန်းဆုံး ပွဲတော်များ
ပွဲတော်ဆိုတာ ကိုးကွယ်ယုံကြည်မှု၊ ရာသီဥတုရေမြေ၊ မိရိုးဖလာထုံးတမ်းတွေရဲ့ အငွေ့အသက်တွေကို အခြေခံကြလေ့ရှိပါတယ်။ ဒါကြောင့် ဒေသတစ်ခုနဲ့တစ်ခု တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဖြစ်လို့ ပွဲတော်တစ်ခုနဲ့တစ်ခု ကျင်းပပုံချင်း မတူညီကြပါဘူး။ အောက်မှာဖော်ပြထားတာတွေကတော့ သူတို့ထုံးစံတွေနဲ့ သူတို့ဘာသာဓလေ့အရ ကျင်းပနေကြတဲ့ ထူးဆန်းတဲ့ ပွဲတော်တွေဖြစ်ပါတယ်။
(၁) ဆိတ်ပစ်ပွဲတော်
စပိန်နိုင်ငံရဲ့ မြို့ငယ်လေးတစ်ခုဖြစ်တဲ့ Manganeses de la Polvorosa မှာ ထူးခြားတဲ့ ဆိတ်ပစ်ပွဲတော် ရှိပါတယ်။ ဇန်နဝါရီလ စတုတၳအပတ်ရဲ့ တနင်္ဂနွေနေ့မှာ နှစ်စဉ်ကျင်းပလေ့ရှိပြီး ဆိတ်တစ်ကောင်ကို ကြိုးချည်က တောင်ကြောပေါ်ကနေ အောက်ကို လွှင့်ပစ်တာပါ။ ဒါပေမယ့် အောက်မှာ လူအုပ်က ဆိတ်ကို စောင့်ဆိုင်းပြီး ဖမ်းကြပါတယ်။ ဖမ်းမိတယ်ဆိုပါက ရာသီဥတု လုပ်ငန်းကိုင်ငန်းတွေ ကောင်းပြီး၊ မဖမ်းမိဘူးဆိုရင်တော့ စီးပွားရေးကြပ်တည်းမယ်လို့ ဆိုပါတယ်။
(၂) ကိုနာကီဆူမို
ဂျပန်နိုင်ငံမှာ ဧပြီလအတွင်းမှာ ကျင်းပလေ့ရှိတဲ့ ကိုနာကီဆူမိုပွဲကလည်း ထူးဆန်ပါတယ်။ ဆူမိုနပန်းသမား နှစ်ဦးဟာ မျက်နှာချင်းဆိုင်ကြည့်ပြီး လက်ထဲမှာလည်း ကလေးတစ်ယောက်ဆီ ချီထားရပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ကလေးတွေကိုငိုအောင် စနောက်ရပြီး၊ ကလေးမငိုတဲ့ ဆူမိုနိုသမားက အနိုင်ဖြစ်ပါတယ်။
(၃) ငန်းတွဲလောင်းခိုပွဲတော်
တိရစာၦန်ညှင်းပန်းနှိက်စက်မှု ကာကွယ်ရေးသမားတွေ အပြင်းအထန်း ကန့်ကွက်နေတဲ့ကြားက လက်ရှိအချိန်ထိ ကျင်းပဆဲဖြစ်တဲ့ ငန်းတွဲလောင်းခိုပွဲတော်ကတော့ ဟော်လန်နဲ့ ဂျာမဏီမှာရှိတဲ့ မြို့ငယ်လေးတွေမှာ ကျင်းပကြလေ့ရှိပါတယ်။ အဆိုပါပွဲတော်ကတော့ ပြိုင်ပွဲဝင်သူတစ်ဦးဟာ ကြိုးတန်းပေါ်မှာချည်နှောင်ထားတဲ့ ငန်းရဲ့ဦးခေါင်းကို ပျက်သည်အထိ တွဲလောင်းခိုပြရပါတယ်။ အလွန်ရက်စက်တဲ့ ပွဲတော်တွေထဲက တစ်ခုဖြစ်ပါတယ်။
(၅) တူနာငါးပစ်ပြိုင်ပွဲ
သြစတေးလျနိုင်ငံမှာ တူနာငါးထုတ်လုပ်မှု မြင့်တင်တဲ့အနေနဲ့ နှစ်စဉ်တိုင်း ကျင်းပလေ့ရှိတဲ့ ပွဲတော်ပါ။ အိုလံပစ်ပွဲတော်တွေမှာလို သံလုံးပစ်ပြိုင်ပွဲမျိုးနဲ့ ဆင်တူပြီး၊ သြစတေးလျမှာတော့ သံလုံးအစာ တူနာငါးကို အသုံးပြုပြီး ပစ်ကြပါတယ်။
(၆) သေလုမျောပါး ပွဲတော်
စပိန်နိုင်ငံ၊ ပေါ်တူဂီနယ်စပ်က Las Nieves မှာကျင်းပတဲ့ သေလုမျောပါးပွဲတော်ကို သူတို့ဘာသာနဲ့တော့ Fiesta de Santa Marta de Ribarteme လို့ ခေါ်ကြပါတယ်။ ကံကောင်းတဲ့သူတွေဟာ အခေါင်းထဲမှာ အိပ်လိုက်ခွင့် ရရှိပြီး၊ မြို့ထဲမှာ လှည့်လည်ကာ Virgin Santa Marta ကို ပူဇော်ကြတဲ့ပွဲပါ။ ဆွေးမျိုးတွေက အခေါင်းထဲမှာ သူတို့ချစ်ရတဲ့သူတွေကို ထည့်ပြီး သယ်ဆောင်ကာ ကံကောင်းခြင်းတွေ ရရှိလာမယ်လို့ ယူဆကြပါတယ်။
(၇) ဒိုးပြားလှိမ့်ပွဲတော်
အင်္ဂလန်နိုင်ငံ ဂလောက်စက်စတာမှာ ကျင်းပလေ့ရှိတဲ့ ဒိုးပြားလှိမ့်ပွဲတော်ကတော့ စင်းနှီးတုံးအရွယ် ဒိုးပြားတစ်ခုကို တောင်ပေါ်ကနေ ဆင်ခြေလျောအတိုင်း ပစ်ချလိုက်စဉ် လူတွေက အဲဒီဒိုးပြားကို လိုက်လုပြီး ဖမ်းယူရတဲ့ ပွဲတော်ဖြစ်ပါတယ်။ များသောအားဖြင့်တော့ ကျိုးပဲဒဏ်ရာ ရတတ်လွန်းလို့ ဆေးအဖွဲ့တွေ၊ ဒေါက်တာတွေ တစ်ခါတည်း ခေါ်ထားရပါတယ်။
(၈) အာဂွန်ဂူ ငါးဖမ်းပွဲတော်
နိုင်ဂျီးရီးယားနိုင်ငံ၊ အာဂွန်ဂူအမည်ရ မြို့ငယ်လေးမှာ နှစ်စဉ်ကျင်းပလေ့ရှိတာကတော့ ငါးဖမ်းပွဲတော်ပါ။ အဆိုပါ ငါးဖမ်းပွဲတော်မှာ ငါးအကြီးဆုံးဖမ်းနိုင်သူက အနိုင်ရရှိပါတယ်။ ဒါပေမယ့် စည်းကမ်းချက်ကတော့ လက်နဲ့ဖမ်းပြီး ပြရတာ ဖြစ်ပါတယ်။ ပိုက်တို့ဘာတို့နဲ့ ဖမ်းမိတာမျိုး မဖြစ်ရပါဘူး။
(၉) Thaipusam
အိန္ဒိယနိုင်ငံနဲ့ ဟိန္ဒူဘာသာဝင်တွေ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Thaipusam ပွဲတော်ကလည်း ကြက်သီးထစရာပါ။ ဓားတွေ၊ လှံတွေ၊ မြားတွေနဲ့ အရေပြားတွေကို ဟိုဘက်သည်ဘက် ထိုးဖောက်ပြီး ခံနိုင်ရည်ကို ပြသရတဲ့ပွဲလို့ ပြောလို့ရပါတယ်။ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေမှာရှိတဲ့ အိန္ဒူတွေလည်း ကျင်းပလေ့ရှိကြပါတယ်။ ဒီလို မိမိကိုယ်ကိုယ် ညှင်းပန်းခြင်းဖြင့် မကောင်းတဲ့ အကုသိုလ်တွေ ကင်းစင်သွားပြီလို့ ယုံကြည်ကြပါတယ်။
(၁၀) တောင်ကိုရီးယား ရွှံ့ပွဲတော်
ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရဲ့ (၂၀၀)ကီလိုမီတာအကွာက Boryeong အမည်ရ မြို့ငယ်လေးမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ရွှံ့ပွဲတော်ကလည်း ခရီးသွားပေါင်း (၂)သန်းကျော်ကို စွဲဆောင်နိုင်ခဲ့တဲ့ ပွဲတော်တစ်ခုပါ။ ဒေသခံတွေပြင် ခရီးသည်တွေပါ ဝင်ရောက်ဆင်နွှဲကြလို့ အလွန်စည်ကားပါတယ်။ အဆိုပါပွဲတော်မှာ ရွှံရေချိုးခြင်း၊ ရွံ့နွံများဖြင့် ပစ်ပေါက်ခြင်း၊ ရွံ့မာဆက် အစရှိတဲ့ အစီစဉ်တွေ ပါဝင်ပါတယ်။
SHARE FROM နတ်စည်တော် (Shwemom)
မႀကဳံစဖူး ကမာၻတစ္ဝွမ္းက အထူးဆန္းဆုံး ပြဲေတာ္မ်ား
Reviewed by Unknown
on
February 10, 2018
Rating:
No comments:
Post a Comment