ေခ်ာင္းသာကမ္းေျခရွိ KTV တခုတြင္ WY စာတမ္းပါ စိတ္ၾကြေဆးျပား၊ ေဆးေျခာက္မ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား ဖမ္းဆီးရမိေန႕စဥ္သတင္း



ဧရာဝတီတိုင္းေဒသၾကီး ပုသိမ္ျမိဳ႕နယ္ ေခ်ာင္းသာကမ္းေျခရွိ ေႏြးဦးကာရံ KTV ဆုိင္တြင္ WY စာတန္းပါလိေမၼာ္ေရာင္စိတ္ၾကြရူးသြပ္ေဆးျပား (၄၇၇) ျပား၊ အစိမ္းေရာင္ေဆးျပား (၅)ျပား၊ ေဆးေျခာက္(၄ ဒသမ ၂) ဂရမ္ မူးယစ္ေဆးသံုစြဲရာတြင္ အသံုးျပဳေသာပစၥည္းမ်ားကို ေဖေဖာ္ဝါရီ ၁၀ ရက္ ညပိုင္းက ဖမ္းဆီးရခဲ့မိေၾကာင္း ဧရာဝတီတိုင္းေဒသၾကီး ရဲတပ္ဖြဲ႕ရံုးမွသိရသည္။

အမူျဖစ္စဥ္မွာ ေဖေဖၚဝါရီလ(၈)ရက္ ည(၉)နာရီအခ်ိန္တြင္ ေခ်ာင္းသာေက်းရြာအမွတ္(၆)ရပ္ကြက္ ၾကံ့ခိုင္ေရးလမ္း ေဘး႐ွိေႏြဦးကာရံေကတီဗြီဆိုင္တြင္ တရားမဝင္မူးယစ္ေဆးဝါးမ်ား ေရာင္းဝယ္ေဖာက္ကားေနေၾကာင္း သတင္းအရ ပုသိမ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴးရံုးမွ ရဲတပ္ဖြဲ႔ဝင္မ်ားႏွင့္ ပုသိမ္ခရိုင္ မႈခင္းႏွိမ္ႏွင္းေရးတပ္ဖြဲ႔ဝင္မ်ား၊ ေခ်ာင္းသာနယ္ေျမရဲစခန္းမွ ရဲတပ္ဖြဲ႔ဝင္မ်ားက ပူးေပါင္းရွာေဖြဖမ္းဆီးခဲ့ၾကျခင္း ျဖစ္သည္။





“ဒီႏွစ္ ၂၀၁၈ မွာ ဒီဟာအမ်ားဆံုးပဲ၊ ေခ်ာင္းသာမွာလည္း ဒီေလာက္မ်ားမ်ား တခါမွမမိဘူး” ဟု ဧရာဝတီတိုင္းရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသ ူဒုတိယရဲမူးၾကီးခင္ေမာင္လတ္က ေျပာသည္။

ပုသိမ္ျမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴးရံုးမွ မူးယစ္ေဆးဝါး ဝင္ေရာက္႐ွာ ေဖြဖမ္းဆီးခဲ့ျခင္း ဝရမ္းအမွတ္စဥ္(၁/၂၀၁၈)ျဖင့္ သြားေရာက္႐ွာေဖြရာ ဆိုင္အတြင္းတြင္ ဝန္ထမ္းမ်ားျဖစ္ၾကေသာ ေအာင္ခိုင္လင္း၊ ဇင္မင္းထြန္း(ခ)သားႀကီး၊ ေနလင္း၊ ဟိန္းထြဋ္၊ မတင္တင္မာ၊ မတင္ဇာေအာင္၊ မဇြန္ပြင့္ႏိုင္ (ခ)ပိုပို၊ မႏြယ္နီဝင္း(ခ)ႏြယ္နီ၊ မစနၱာေအာင္၊ မမ်ိဳးသနၱာ(ခ)မီးမီး၊ မဇင္မာသက္၊ မမ်ိဳးမမ (ခ)မအိ၊ မခိုင္ေလး၊ မေအးမိစံ(ခ)ေအးမိ၊ မသဇင္ေအာင္တို႔(၁၅)ဦးအား ေတြ႔႐ွိရၿပီး ဆိုင္အတြင္းႏွင့္အိပ္ေဆာင္မ်ားအတြင္းမ ွဖမ္းဆီးရခဲ့ျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရွိရသည္။

၄င္းအမူနွင့္ ပတ္သတ္ျပီး ေခ်ာင္းသာနယ္ေျမရဲစခန္းမွ မူးယစ္ပနံပါတ္ ၁/၂၀၁၈ မူးယစ္ေဆးဝါးနွင့္စိတ္ကိုေျပာင္းလဲေစတတ္ေသာေဆးဝါးမ်ားဥပေဒပုဒ္မ ၁၅/၁၉(က)၂၀က/၂၁ ျဖင့္ ေအာင္ခိုင္လင္းပါ ၁၅ဦးအား အမူဖြင့္အေရးယူထားေၾကာင္း ဧရာဝတီတိုင္းရဲတပ္ဖြဲ႕မွ သိရွိရသည္။

SHARE FROM ေအာင္ေအာင္(ပုသိမ္)

ချောင်းသာကမ်းခြေရှိ KTV တခုတွင် WY စာတမ်းပါ စိတ်ကြွဆေးပြား၊ ဆေးခြောက်များနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိနေ့စဉ်သတင်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေရှိ နွေးဦးကာရံ KTV ဆိုင်တွင် WY စာတန်းပါလိမေ္မာ်ရောင်စိတ်ကြွရူးသွပ်ဆေးပြား (၄၇၇) ပြား၊ အစိမ်းရောင်ဆေးပြား (၅)ပြား၊ ဆေးခြောက်(၄ ဒသမ ၂) ဂရမ် မူးယစ်ဆေးသုံစွဲရာတွင် အသုံးပြုသောပစ္စည်းများကို ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းက ဖမ်းဆီးရခဲ့မိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှသိရသည်။

အမူဖြစ်စဉ်မှာ ဖေဖေါ်ဝါရီလ(၈)ရက် ည(၉)နာရီအချိန်တွင် ချောင်းသာကျေးရွာအမှတ်(၆)ရပ်ကွက် ကြံ့ခိုင်ရေးလမ်း ဘေးရှိနွေဦးကာရံကေတီဗွီဆိုင်တွင် တရားမဝင်မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားနေကြောင်း သတင်းအရ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပုသိမ်ခရိုင် မှုခင်းနှိမ်နှင်းရေးတပ်ဖွဲ့ဝင်များ၊ ချောင်းသာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းရှာဖွေဖမ်းဆီးခဲ့ကြခြင်း ဖြစ်သည်။

“ဒီနှစ် ၂၀၁၈ မှာ ဒီဟာအများဆုံးပဲ၊ ချောင်းသာမှာလည်း ဒီလောက်များများ တခါမှမမိဘူး” ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသ ူဒုတိယရဲမူးကြီးခင်မောင်လတ်က ပြောသည်။

ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မူးယစ်ဆေးဝါး ဝင်ရောက်ရှာ ဖွေဖမ်းဆီးခဲ့ခြင်း ဝရမ်းအမှတ်စဉ်(၁/၂၀၁၈)ဖြင့် သွားရောက်ရှာဖွေရာ ဆိုင်အတွင်းတွင် ဝန်ထမ်းများဖြစ်ကြသော အောင်ခိုင်လင်း၊ ဇင်မင်းထွန်း(ခ)သားကြီး၊ နေလင်း၊ ဟိန်းထွဋ်၊ မတင်တင်မာ၊ မတင်ဇာအောင်၊ မဇွန်ပွင့်နိုင် (ခ)ပိုပို၊ မနွယ်နီဝင်း(ခ)နွယ်နီ၊ မစန္တာအောင်၊ မမျိုးသန္တာ(ခ)မီးမီး၊ မဇင်မာသက်၊ မမျိုးမမ (ခ)မအိ၊ မခိုင်လေး၊ မအေးမိစံ(ခ)အေးမိ၊ မသဇင်အောင်တို့(၁၅)ဦးအား တွေ့ရှိရပြီး ဆိုင်အတွင်းနှင့်အိပ်ဆောင်များအတွင်းမ ှဖမ်းဆီးရခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရှိရသည်။

၄င်းအမူနှင့် ပတ်သတ်ပြီး ချောင်းသာနယ်မြေရဲစခန်းမှ မူးယစ်ပနံပါတ် ၁/၂၀၁၈ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဥပဒေပုဒ်မ ၁၅/၁၉(က)၂၀က/၂၁ ဖြင့် အောင်ခိုင်လင်းပါ ၁၅ဦးအား အမူဖွင့်အရေးယူထားကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှ သိရှိရသည်။

SHARE FROM အောင်အောင်(ပုသိမ်)
ေခ်ာင္းသာကမ္းေျခရွိ KTV တခုတြင္ WY စာတမ္းပါ စိတ္ၾကြေဆးျပား၊ ေဆးေျခာက္မ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား ဖမ္းဆီးရမိေန႕စဥ္သတင္း ေခ်ာင္းသာကမ္းေျခရွိ KTV တခုတြင္ WY စာတမ္းပါ စိတ္ၾကြေဆးျပား၊ ေဆးေျခာက္မ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား ဖမ္းဆီးရမိေန႕စဥ္သတင္း Reviewed by Unknown on February 10, 2018 Rating: 5

No comments:

Powered by Blogger.