သမီးက ဒီထက်အသားပိုမည်းနေရင် ကျော်ကြားမှာမဟုတ်ဘူးဆိုတဲ့ ဘီယွန်းဆေးရဲ့ဖခင်


ဘီယွန်းဆေးရဲ့ဖခင်ဖြစ်သူဟာ ဂီတနယ်ပယ်က အသားအရောင်ခွဲခြားမှုနဲ့ပတ်သက်လို့ ယခုလိုထုတ်ပြောခဲ့ပါတယ်။ သမီးတွေဖြစ်တဲ့ ဘီယွန်းဆေးနဲ့ ဆိုလန့်ခ်ျတို့နှစ်ဦးဟာ ယခုထက် အသားရေပိုမည်းသူတွေဖြစ်ခဲ့ရင် လျှမ်းလျှမ်းတောက်ကျော်ကြားမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

ဒါ့အပြင် ယနေ့ကျော်ကြားနေတဲ့ အမျိုးသမီးလူမည်းအဆိုရှင်တွေဖြစ်တဲ့ မာရီယာကာရေး၊ နစ်ကီမီနာ့ဂ်ျနဲ့ သူ့သမီးတွေမှာ အသားမည်းတူးနေတဲ့သူတွေ တစ်ယောက်မှမပါကြောင်းလည်း Ebony မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

ယခုဆိုရင် ဘီယွန်ဆေးရဲ့ဖခင်ဖြစ်သူ မက်သျူးနိုးလ်စ်ဟာ အသက်(၆၆)နှစ် ရှိနေပါပြီ။ လတ်တလောမှာ Racism: From the Eyes of a Child စာအုပ်အတွက် ပရိုမိုးရှင်း ပြုလုပ်နေပါတယ်။ စာအုပ်နဲ့ပတ်သက်ပြီး အင်တာဗျူးမှာတော့ အသားအရောင်နဲ့ပတ်သက်ပြီး သူ့ရဲ့သဘောထားက စိတ်ထဲမှာ အမြစ်တွယ်နေတယ်လို့ ဆိုပါတယ်။


ဇနီးဟောင်းဖြစ်သူ ဘီယွန်းဆေးရဲ့မိခင် Tina Lawson နဲ့အတူ

ကွဲသွားပြီဖြစ်ပြီး အိမ်ထောင်သက်(၃၁)နှစ်ကြာပေါင်းသင်းခဲ့တဲ့ ဇနီးဟောင်းကိုလည်း တွေ့စတုန်းက လူဖြူအမျိုးသမီးလို့ထင်ခဲ့ကြောင်း သူကဆိုပါတယ်။ လူဖြူအမျိုးသမီးတွေ၊ အသားလတ်တဲ့ လူမည်းအမျိုးသမီးတွေကို သဘောကျတဲ့စိတ်ဟာ သူငယ်စဉ်ကလေးဘ၀ထဲက ရိုက်သွင်းခံခဲ့ရကြောင်း နိုးလ်စ်ကပြောပါတယ်။







ရည်းစားထားတဲ့အခါမှာလည်း လူဖြူအမျိုးသမီးတွေ၊ လူမည်းနဲ့မတူပဲ အသားဖြူတဲ့ လူမည်းအမျိုးသမီးတွေနဲ့သာ ရည်းစားထားခဲ့ကြောင်းလည်း ဆိုပါတယ်။ သူကိုယ်တိုင်က လူမည်းအမျိုးသားဖြစ်ပေမယ် မသိစိတ်ထဲကနေ အသားအရေလတ်တဲ့အမျိုးသမီးတွေကိုသာ စွဲလမ်းခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

နိုးလ်စ်ရဲ့ သမီးဖြစ်သူ ဘီယွန်းဆေးဟာ (၁၉၈၈)ခုနှစ်ကစပြီး Sammy Awards မှာ အငယ်တန်းကလေးအဆိုပြိုင်ပွဲကနေ ထင်ရှားလာခဲ့တာပါ။ အသက်(၈)နှစ်အရွယ်မှာတော့ Girls Tyme အမည်ရှိ အမျိုးသမီးတီးဝိုင်းထဲ ပါဝင်ခဲ့ပါတယ်။ (၂)နှစ်အကြာမှာ ဖခင်ဖြစ်သူ နိုးလ်စ်ဟာ အလုပ်ကထွက်ပြီး ယင်းတီးဝိုင်းမှာ တွဲဘက်မန်နေဂျာအနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။

နောက်ပိုင်း Girls Tyme ကနေ Destiny’ Child အမည်ကိုပြောင်းလဲခဲ့ပြီး Columbia/ Sony နဲ့ အယ်လ်ဘမ်(၇)ချပ်အတွက် စာချုပ်ချုပ်ခဲ့ပါတယ်။ ဘီယွန်းဆေးရဲ့ ပထမဦးဆုံးအယ်လ်ဘမ် Dangerously In Love မှာလည်း နိုးလ်စ်က ထုတ်လုပ်သူဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၁ခုနှစ်ကစပြီး ဘီယွန်းဆေးဟာ အဖေဖြစ်သူနဲ့အလုပ်ကိစ္စတွေ ဆက်တွဲမလုပ်ဖြစ်တော့ကြောင်း သိရှိရပါတယ်။

SHARE FROM လင်းလင်း(ShweMom)
သမီးက ဒီထက်အသားပိုမည်းနေရင် ကျော်ကြားမှာမဟုတ်ဘူးဆိုတဲ့ ဘီယွန်းဆေးရဲ့ဖခင် သမီးက ဒီထက်အသားပိုမည်းနေရင် ကျော်ကြားမှာမဟုတ်ဘူးဆိုတဲ့ ဘီယွန်းဆေးရဲ့ဖခင် Reviewed by Unknown on February 06, 2018 Rating: 5

No comments:

Powered by Blogger.