အနုပညာရှင်ကြီး ဦးဒိန်းဒေါင် ရဲ့ သမီး အသက်(၁၆) နှစ် ၊ အရွယ်မရောက်သေးတဲ့ မိန်းကလေး ကို ထိကိုင်တာ သက်သေမရှိလဲ ပြစ်မှုအကြီးစားပဲ ၊
ကျွန်တော်သာဆို သားသမီးထိကြည့် လုံးဝမခံဘူး လို့ ဗေဒင်ဆရာ စံဇာဏီဘို က MC သို့ပြောပါတယ်။
“ အသက် (၁၆) နှစ်အရွယ် မိန်းကလေးတစ်ယောက် အနုပညာရှင်ကြီး ဦးဒိန်းဒေါင် ရဲ့  သမီး။
အရွယ်မရောက်သေးတဲ့ မိန်းကလေးတစ်ယောက် ကို ထိတာကိုင်တာ ကာမစိတ်ကို ဒီလိုလုပ်တာ ဒါကောင်းတဲ့ကိစ္စမဟုတ်ဘူး ။
ဒါက လုံးဝ အကြီးစားကြီးဗျ ။ သက်သေမရှိဘူးလို့ လာမပြောနဲ့ ဒါပြစ်မှုအကြီးစားကြီး။ အရွယ်မရောက်တဲ့ မိန်းကလေးတစ်ယောက်ကို
ဒီလိုလုပ်တာ အင်မတန် ရိုင်းစိုင်းတယ်။ အင်မတန် မိုက်ရိုင်းတဲ့ အပြုအမူ ။ တစ်ခြားမိန်းကလေးတွေ ကိုယ့်ဆီ လာပြီးတော့ ဗေဒင်ဟောတယ်။
ဗေဒင်မေးတာ ကိုယ့်ရဲ့ထမင်းရှင် ။ ကိုယ့်ရဲ့ ထမင်းရှင်ကို ဒီလိုစော်စော်ကားကား ပြစ်မှုကျူးလွန်တာ က အင်မတန် မိုက်ရိုင်းတဲ့လူ ။
အင်မတန် ပရိသတ်ကို စော်ကားတဲ့သူ ။ သူ့ကို ဥပဒေအရ အပြစ်ပေးသင့်တဲ့အပြင် လူမှုကွန်ယက်ကပါ ဒီလိုလူမျိုး နောက်မပေါ်အောင် စီစဉ်သင့်တယ်။
ဥပမာ ကျွန်တော့်ဆီမှာ သမီးရှိတဲ့ သူတစ်ယောက်ပေါ့ ။ ကျွန်တော့်သမီး ကို ဗေဒင်ဆရာတစ်ယောက် က အဲ့လိုလုပ်ရင် ကျွန်တော် မခံဘူး။
ဇာဏီဘို လုံးဝမခံဘူး။ ဗမာ မြန်မာ အစစ် သွေးရှိတယ်။ ကိုယ့်သားသမီး ၊ နှမ ၊ ကိုယ့်မောင် အဲ့လိုစော်ကားရင် လုံးဝမခံဘူး။
ဥပဒေတွေဘာတွေ ခဏဖယ်ထား ။ လုံးဝကို မခံဘူး။ ကိုယ့်သားသမီး ထိကြည့်ပါလား ” လို့ သူကပြောပါတယ်။
By Myanmar Celebrity
ဦးဒိန်းဒေါင်ရဲ့ သမီးကိုထိကိုင်တာ သက်သေမရှိလဲ ပြစ်မှုအကြီးစားပဲ – ဗေဒင်ဆရာ စံဇာဏီဘို
Reviewed by Unknown
on
February 06, 2018
Rating:
Reviewed by Unknown
on
February 06, 2018
Rating:




No comments:
Post a Comment