ဖေဖော်ဝါရီလ (၆)ရက်နေ့ကတော့ အဆိုတော် R ဇာနည်ရဲ့ မွေးနေ့လေးပါ။ မွေးနေ့အမှတ်တရ ကုသိုလ်အဖြစ် R ဇာနည်က ဦးပဉ္ဇင်းဝတ်ခဲ့ပါတယ်။ ဦးပဉ္ဇင်းရဲ့ ဘွဲ့နာမည်ကတော့ အရှင်ကောဝိဒ ဖြစ်ပါတယ်။
R ဇာနည်နဲ့ ၀မ်းတို့က မိသားစုက ဆွမ်းအလှူနဲ့ စတုဒီသာအလှူတစ်ခုလည်း လုပ်ခဲ့ပါတယ်။ ဒီအလှူပွဲမှာတော့ သားချောလေး ဖစ်ဖစ်တုန်နဲ့ မကြာသေးခင်ကမှ မွေးဖွားခဲ့တဲ့ သားချောလေး ချစ်ချစ်တုန်လည်း အတူလိုက်ပါ ကုသိုလ်ယူခဲ့တာကို တွေ့ ရပါတယ်။
သူတို့မိသားစုဟာ စတုဒီသာအလှူအဖြစ် အများပြည်သူကို ထမင်းထုပ်တွေ လှူဒါန်းကုသိုလ်ယူခဲ့တာကိုလည်း တွေ့ရပါတယ်။
အဆိုတော် R ဇာနည်ကတော့ ထူးခြားတဲ့ အသံစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်အဆိုတော်တစ်ယောက် ဖြစ်ပြီး သူ့ရဲ့သီချင်းတွေကိုတော့ အမျိုးသားရော အမျိုးသမီးတွေပါ အရမ်းကို ကြိုက်နှစ်သက်တာကို တွေ့ရပါတယ်။ ဂီတဘက်မှာရော Family life မှာပါ အောင်မြင်နေသူပါ။ ချစ်စရာ ဇနီးချောလေး ၀မ်းကို ပိုင်ဆိုင်ထားပြီး သားချောလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အဆိုတော် R ဇာနည်နဲ့ ၀မ်းတို့ရဲ့ ဒုတိယမြောက် ရင်သွေးလေး ကိုတော့ ဇန်န၀ါရီ (၁၀) ရက်နေ့ကမှ မွေးဖွားခဲ့တာပါ။
SHARE FROM Shwemom
အရှင်ကောဝိဒ ဖြစ်သွားတဲ့ အဆိုတော် R ဇာနည်
Reviewed by Unknown
on
February 06, 2018
Rating:
Reviewed by Unknown
on
February 06, 2018
Rating:













No comments:
Post a Comment