အသက်(၅၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသားသရုပ်ဆောင် Tom Cruise ကို သောကြာနေ့တုန်းက The Graham Norton တီဗီအစီအစဉ်တစ်ခုမှာ တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လတုန်းက (၆)ကားမြောက် Mission Impossible ဇာတ်လမ်းတွဲရိုက်ရင်း Tom Cruise က သူရရှိခဲ့တဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး ဖွင့်ဟခဲ့ပါတယ်။ ဇာတ်ကားထဲမှာ Rebecca Ferguson၊ Henry Cavill နဲ့ Simon Pegg တို့လည်း ပါဝင်ပါတယ်။
“ကျွန်တော်က Henry နောက်ကို လိုက်တာ။ အဲဒီမှာ နံရံဘေးထောင့်ကို တိုက်မိတော့မလို့။ ကျွန်တော် ကိုယ့်ကိုယ်ကို အရှိန်သတ်ခဲ့ပေမယ့် ခြေထောက်က နံရံကိုသွားထိတယ်။ ကျွန်တော် ချက်ခြင်း သိတာပေါ့။ ခြေချင်းဝတ် ကျိုးသွားပြီလို့။ ဒီပုံစံနဲ့ ကျွန်တော်ထပ်မရိုက်နိုင်တော့ဘူးလေ။ အဲဒါနဲ့ပဲ ဆေးရုံပို့ခိုင်းလိုက်ရတယ်” လို့ Tom Cruise ကပြောပြပါတယ်။
သူ့ခြေချင်းဝတ်နဲ့ပတ်သက်လို့ ယခုထိမသက်သာသေးပေမယ့် ရုပ်ရှင်ထွက်မယ့်ရက်က သတ်မှတ်ပြီးဖြစ်တာကြောင့် ဆက်လက်ရိုက်ကူးနေရတယ်လို့ သိရပါတယ်။ အခုတလောမှာတော့ ခြေထောက်ကို အချိန်တော်တော်များများမှာ အနားပေးထားပေမယ့် အဓိကစတန့်တွေလုပ်ဖို့လည်းကျန်သေးကြောင်း Tom Cruise ကဆိုခဲ့ပါတယ်။
ဇာတ်ကားထဲမှာ ပါဝင်မယ့်စတန့်တွေက ခက်ခဲတဲ့အကြောင်းနဲ့ (၂)နှစ်ကြာအောင် ပြင်ဆင်ခဲ့ရတဲ့ ရဟတ်ယာဉ်နဲ့ဆိုင်ရာ စတန့်အကြီးစားတစ်ခုလည်း ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ရဟတ်ယာဉ်ကို ကျောက်ဆိုင်ကျောက်သားတွေရှိနေတဲ့မြေမျက်နှာပြင်ပေါ်မှာ နိမ့်နိမ့်လေးပျံသန်းပြီး သူက လေယာဉ်ကို ခိုဆွဲထားရတာကြောင့် အန္တရာယ် အလွန်များခဲ့ကြောင်း Tom Cruise က ပြန်ရှင်းပြခဲ့ပါသေးတယ်။
SHARE FROM လင်းလင်း(ShweMom)
စတန့်ခန်းရိုက်ကူးစဉ် ခြေထောက်ကျိုးခဲ့ရတဲ့ Tom Cruise ရဲ့ လက်ရှိ အခြေအနေ
Reviewed by Unknown
on
February 01, 2018
Rating:
No comments:
Post a Comment