ဆိုးဆိုးရွားရွားယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ ပရဟိတမင်းသမီးလေး
သရုပ်ဆောင်မင်းသမီး ခိုင်နှင်းဝေကို မြန်မာအနုပညာချစ်ပရိသတ်များ နဲ့ မိတ်က်ပေးရန်မလို လောက်ဘူးထင်ပါတယ်။ အနုပညာလောက ရဲ့ နာမည်ရ စွယ်စုံတက်မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ မင်းသမီး ခိုင်နှင်းေ၀ ဟာ လက်ရှိ ပရဟိတအလုပ်တွေကို လုပ်ဆောင်နေကြောင်းကို ပရိသတ်များ သိမယ်ထင်ပါတယ်။ ဒါပေမယ့် မနေ့ညမှာတော့ သူမဟာကြီးမားတဲ့ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
1.2.2018 ည 11:40 pm ခန့်က ရုပ်ရှင်သရုပ်ဆောင်ခိုင်နှင်းဝေမောင်းနှင်လာတဲ့ယာဉ်ဟာ သာကေတမင်းနန္ဒာလမ်းပေါ်မှာ လူတစ်ယောက်အား တိုက်မိခဲ့ပါတယ်။ ထိုဖြစ်စဉ်အတွင်း ကားတိုက်မှုခံခဲ့ရတဲ့ အမည်မသိ(အမျိုးသား)ဟာ ယာဉ်တိုက်မှုကြောင့်ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့တာကို ပုံပါအတိုင်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။ အရမ်းကိုထိတ်လန့်ဖွယ် ဖြစ်စဉ်တစ်ခုကိုကြုံတွေ့ခဲ့ရမှာ အသေအချာပါဘဲ။
ပရဟိတအလုပ်တွေ အမြဲပြုလုပ်နေတဲ့ မင်းသမီးခိုင်နှင်းဝေတစ်ယောက် ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး အရမ်းကိုထိတ်လန့်မှုတွေ ဖြစ်ပွားခဲ့မယ်ထင်ပါတယ်။ မင်းသမီးခိုင်နှင်းဝေရယ် ပြုလုပ်ခဲ့တဲ့ ရင်ထဲက မွန်မြတ်တဲ့စိတ်ထားဖြူစင်မှုတွေကြောင့် အခက်ခဲတွေကိုအမြန်ဆုံးပြေပြေလည်လည်နဲ့ဖြေရှင်းနိုင်ပါစေလို့ ပရိသတ်ကြီးနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်။
SHARE FROM MYANMARLOAD
Reviewed by Unknown
on
February 01, 2018
Rating:
No comments:
Post a Comment