ဇာတ်လမ်းတွဲမှာအတူတွေ့ရမယ့် ထက်ထက်မိုးဦးနဲ့ ကျော်ထက်ဇော်



မြန်မာနိုင်ငံမှာ ပရိတ်သတ်အများဆုံး အနုပညာရှင်တွေထဲမှာ ထက်ထက်မိုးဦးက ထိပ်တန်းမှာပါတဲ့ မင်းသမီးတစ်လက်ပါ ။ တစ်ခေတ်တစ်ခါက ကြော်ငြာတိုင်း Video ဇာတ်ကားတိုင်းမှာ ထက်ထက်မိုးဦးမှ ထက်ထက်မိုးဦး ရယ်လို့ ခေတ်တစ်ခေတ်ကိုပိုင်ဆိုင်ခဲ့ရသူလည်း ဖြစ်ပါတယ် ။ ပွင့်လင်းရိုးရှင်းစွာနေထိုင်တတ်တဲ့မင်းသမီးကို ချစ်ခင်အားပေးကြတဲ့ ပရိတ်သတ်တွေကလည်း အရွယ်စုံပါပဲ ။ အကြောင်းအမျိုးမျိုးကြောင့် အနုပညာလောကနဲ့ ကင်းကွာသွားခဲ့တဲ့ ထက်ထက်မိုးဦးက အနုပညာလောကထဲပြန်ရောက်လာခဲ့စဉ်မှာတော့ ပရိတ်သတ်တွေ အံ့သြသွားလောက်အောင် ခန္တာကိုယ် Weight ကိုလည်း လျော့ချပြီး အနုပညာအလုပ်အချို့ ကိုပြန်လုပ်ခဲ့တာပါ ။ 

အနုပညာလှုပ်ရှားမှုတွေ ပြန်လုပ်တော့လည်း ပရိတ်သတ်တွေက ၀မ်းပန်းတသာ ကြိုဆိုအားပေးခဲ့ပါတယ် ။ ခုလက်ရှိမှာတော့ မိသားစုရေးရာ ပြသာနာတွေရင်ဆိုင်နေရတဲ့ ထက်ထက်မိုးဦးဟာ သီလရှင်ဆရာလေးအဖြစ်နဲ့ တရားအားထုတ်လို့နေပါပြီ ။ ဘယ်ချိန်မှ လူပြန်ထွက်မယ်မသိနိုင်သေးတာကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ ထက်ထက်ရဲ့ ပရိတ်သတ်တွေအတွက်တော့ အလွမ်းဖြေစရာ ထက်ထက်ရဲ့ အနုပညာလှုပ်ရှားမှုတစ်ခုကို MRTV 4 ကထုတ်လွှင့်ဖို့ရှိပါတယ်တဲ့ ။ အဲဒါကတော့ ဇာတ်လမ်းတွဲတစ်ခုပါ ။ 







MRTV 4 က ထုတ်လွှင့်မယ့် " မိုးကောင်းကင်အိပ်မက်များဇာတ်လမ်းတွဲ " မှာ မင်းသမီး ထက်ထက်မိုးဦးနဲ့ မင်းသားကျော်ထက်ဇော်တို့ အတူတူပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရှိရပါတယ် ။ မင်းသားကျော်ထက်ဇော်ဟာဆိုရင်လည်း " အမုန်းမှသည် " ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်အားပေးမှုကို တခဲနက်ရရှိထားတဲ့ မင်းသားတစ်လက်ဖြစ်တာမို့ ဒီဇာတ်လမ်းတွဲလေးကိုတော့ မလွှင့်ခင်ထဲက လူစိတ်ဝင်စားမှုများပြားလျက်ရှိပါတယ် ။ 

SHARE FROM MYANMARLOAD 
ဇာတ်လမ်းတွဲမှာအတူတွေ့ရမယ့် ထက်ထက်မိုးဦးနဲ့ ကျော်ထက်ဇော် ဇာတ်လမ်းတွဲမှာအတူတွေ့ရမယ့် ထက်ထက်မိုးဦးနဲ့ ကျော်ထက်ဇော်


Reviewed by Unknown on February 01, 2018 Rating: 5

No comments:

Powered by Blogger.